Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းစုစည်းမှု ( Weekly News Collections )

အပတ်စဥ်သတင်းစုစည်းမှု ( Weekly News Collections )

ABN-ရှိုင်းမိုး

၉ရက်နေ့သတင်းစုစည်းမှု

ရခိုင်မှ စစ်ဘေးရှောင်စခန်းအများစုမှာ ငွေကြေးအခက်ခဲကြောင့် သက်ကြီးရွယ်အိုကြီးတွေ သင်္ကြန်ကာလအတွင်း ဘုရားကျောင်းကန်သွားပြီးတော့ ဥဗုသ်သီတင်းဆောက်ဖို့တောင် အခက်တွေ့နေကြရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးရေဒီယို အသံလွှင့် သတင်းဌာနကို တာလီဘန်အစိုးရက လုပ်ကိုင်ခွင့်ပြန်လည်ခွင့်ပြုပေးလိုက်ပါတယ်။

ဂျပန်နိုင်ငံအနောက်ပိုင်း အိုကီနာဝါကျွန်းစုအနီးမှာသိမ်းငှက်နက်အမည်ရှိ ဂျပန်စစ်ရဟတ်ယာဥ် ၁စီး ပျက်ကျခဲ့ပြီး လေယာဥ်ပေါ်လိုက်ပါလာတဲ့ အမှုထမ်းတွေ အားလုံးပျောက်ဆုံးနေတယ်ဟု ဧပြီလ ၇ရက်နေ့က ထုတ်ပြန်ပါတယ်။

ဧပြီလ ၈ရက်နေ့က မလေးရှား ရေပိုင်နက်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ယောက်ကို မလေးရှားကမ်းခြေစောင့်တပ်က ဖမ်းဆီးရထားတယ်လို့သိရပါတယ်။ မြန်မာနဲ့အတူ အိန္ဒိယသုံးယောက်လည်းပါတယ်လို့ ထုတ်ပြန်ပါရှိပါတယ်။

ဧပြီလ ၉ရက်နေ့ မနက် ၉နာရီကျော်အချိန်က ကျောက်တောကန်ဇောက်တောင်အဆင်းမှာ အိန္ဒိယသုံးဘီး ( တုတ်တုတ်ချေ ) မှောက်တာကြောင့် အမျိုးသမီး ၅ဦးဒဏ်ရာရရှိသွားပါတယ်၊ အဲဒီ ၅ဦးထဲက ၂ဦးတွင် ဒဏ်ရာပြင်းထန်ပြီး ကျန် ၃ဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့တယ်လို့သိရပါတယ်။

မြောက်ဦးမှာ ရေခမ်းခြောက်နေတဲ့ လက်ဆည်ကန်သို့ အနူမရေကန်က ရေကို ဖြည့်သော်လည်း သုံးစွဲမှုအဆင်မပြေဖြစ်နေကြရဆဲပါ။

စစ်ကိုင်းတိုင်းက ရွာတွေကို စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ ရဟတ်ယာဥ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးနေကြရပါတယ်။

နိုင်ငံတကာရောက် ရခိုင်လူမျိုးတွေ ၁၄နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားကို ယနေ့ ဧပြီ ၉ရက်နေ့မှာ စည်ကားစွာကျင်းပပြုလုပ်နေကြပါတယ်။

၈ရက်နေ့ သတင်းစုစည်းမှု

ရခိုင်ပြည်ပုဏ္ဏားကျွန်းမြို့နယ်မှာ အမည်မသိဝက်ရောဂါဖြစ်နေတဲ့အတွက် ဝက်များသေဆုံးမှုပိုတိုးလာနေတယ်လို့သိရပါတယ်။

ရသေ့တောင်မြို့နယ် စေတီတောင်အနောက် စစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေ အခက်ခဲနဲ့ရင်ဆိုနေကြရပါတယ်။ အဲဒီစစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၇၁၈ဦးနှင့် အိမ်ထောင်စုပေါင်း ၁၆၆စုရှိတယ်လို့သိရပါတယ်။

၁၄နှစ်မြောက်ရက္ခို့င်တပ်တော်မွေးနေ့သို့ ဧရာဝတီလူငယ်များသမဂ္ဂ ( AYU ) မှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ထားပါတယ်။

မောင်တော-ကျောက်ပန်းတူလမ်းတွင် ဧပြီလ ၆ရက်နေ့က သုံးဘီမှောက်လို့ ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြတဲ့သားဖ ၂ဦးမှာ ဆေးကုသမှုဆက်လက်ခံယူနေကြရပါတယ်။

တိုက်ပွဲကြောင့်ရပ်နားထားသည့် စစ်တပ်ပိုင် ကစ္စပနဒီ ( ၁ ) အမြန်ရေယာဥ်ကို ဧပြီလ ၇ရက်နေ့ကစပြီးပြန်လည်ပြေးဆွဲခဲ့ပါတယ်။

ဧပြီလ ၈ရက်နေ့က ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာအလုပ်သမားတွေစီးလာတဲ့ကားက ၁၈ဘီးပါ ကွန်တိန်နာကားကို ဝင်တိုက်မှုဖြစ်ခဲ့ပြီး လူ ၈ဦးသေဆုံးခဲ့ရပါတယ်။

မြောက်ဦးစစ်ဘေးရှောင်စခန်းသို့ WFP က ရှောင်တခွင် ဝင်စစ်ဆေးခဲ့ပြီး ငွေပေးရာတွင် ၁၄၇ဦးထောက်ပံ့ငွေမရသောကြောင့် စစ်ဘေးရှောင်တွေ အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။

၇ရက်နေ့သတင်းစုစည်းမှု

မြောက်ဦးတွင် စဥ်လာမပျက်ကျင်းပနေတဲ့ သျှစ်သောင်းဘုရားပွဲတော်ကြီးကို ယခုနှစ် မေလ ၂ရက်နေ့ကနေ ၆ရက်နေ့အထိ ကျင်းပသွားမယ်လို့သိရပါတယ်။

မြောက်ဦးတွင် ဧပြီလ ၇ရက်နေ့ နံနက် ၉နာရီကျော်အချိန်က မြောက်ဦးမြို့တောင်ရပ်ရက်ကွက်ရှိ မြသင်္ဂီရွှေဆိုင်မှ ရွှေထည် ၂၀ကျပ်ခန့် လုယက်ခံလိုက်ရပါတယ်။ တရားခံကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဧပြီလ ၆ရက်နေ့က ရွှေကူမြို့နယ်မှာ စစ်ကောင်စီကကျေးရွာ ၂ရွာကို တိုက်လေယာဥ်နဲ့ ဗုံကြဲတိုက်ခိုက်ခဲ့လို့ ရွာ ၂ရွာမီးလောင်းပျက်စီးခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ် စည်တောင်ရွာရဲ့ ရွာလမ်းတွေဟာ ရဟန်းရှင်လူညီညီညွတ်ညွတ်ပူးပေါင်းလုပ်ဆောင်မှုတွေကြောင့် အမှိုက်ကင်းစင်းပြီး လမ်းမများမှာလည်း ကျယ်ပြန့်စွာရှိနေသည်ကိုတွေ့မြင်ရပါတယ်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အာဏသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေလို့ မြန်မာ ၅၀၀၀ ကျော်ထိုင်းနိုင်ငံဖက်သို့ထွက်ပြေးခဲ့ရပါတယ်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ Maung ခရိုင်တွင် ရွှေ့ပြောင်းမြန်မာလုပ်သား မူဆလင် ၉၆ဦးကို တရားမဝင် ဝင်ရောက်မှုကြောင့် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

မြဝတီ- ကော့ကရိတ်ကြားက အရှလမ်းမကြီးကို စစ်ကောင်စီက အရပ်သားကားတွေနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်နေတာကြောင့် KNLAနဲ့ ပူပေါင်းစစ်ကြောင်းက ဧပြီလ ၇ရက်နေ့ကနေ ၂၁ရက်နေ့ထိ ပိတ်ထားလိုက်ပါတယ်။

၆ ရက်နေ့ သတင်းစုစည်းမှု

ဖိလစ်ပိုင်မှာ အမေရိကန်စစ်ခစန်းတွေ တိုးချဲ့နေတာကို ဧပြီလ ၄ရက်နေ့က တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။

ကျောက်တော်မြို့နယ် ကာဒီရွာက ဆန်စက်ပိုင်ရှင်ကို ဧပြီလ ၅ရက်နေ့ကရုံးထုတ်ခဲ့ပေမယ့်လည်း စစ်ကောင်စီဖက်က တရားလိုထပ်ပြီး ရုံးချိန်းပျက်လို့တာကြောင့် စစ်ဆေးမှုရ မပြုပ်လုပ်ဘဲ ရုံးချိန်းထပ်ရွှေ့ဆိုင်းလိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာပြည်နယ်သို့ ပို့မယ့်မူဆလင် ၈၉ဦးနှင့် ယာဥ်မောင်း ထိုင်းလူမျိုး ၄ဦးကို ထိုင်းအာဏာပိုင်တွေက ဧပြီလ ၄ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

ဧပြီလ ၆ရက်နေ့ မနက် ၆နာရီအချိန်က အမ်းမြို့ စစ်ကောင်စီ ခမရ ၃၇၃ တပ်ရင်းက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တာတွေလုပ်ခဲ့လို့ အမ်းဒေသခံအချို့ ထိတ်လန့်ခဲ့ရတယ်လို့ သိရပါတယ်။

ဧပြီလ ၆ရက်နေ့ မနက် ၉နာရီကျော်အချိန်က ရသေ့တောင်မြို့နယ် ကျောက်ပန်းတူလမ်းတွင် သုံးဘီ ၁စီးမှောက်ပြီး မိသားစု ၆ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့တရားစွဲခံထားရတဲ့ ပြည်သူ ၉ဦးကို ဧပြီလ ၅ရက်နေ့က ကျောက်တော်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ အဲဒီ ၉ ဦးထဲက စစ်ဘေးရှောင် ဦးကျော်ဟိန်းနှင့် ဦးမောင်စိုးသာတို့ရဲ့ သက်သေတွေကိုသာစစ်ဆေးပြီး၊ တခြားသူများကို စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းထပ်ရွှေ့လိုက်ပါတယ်။

ကျောက်တော်မြို့က လူထုဇော်ဝင်းအပါအဝင် ပြည်သူ ၃ဦးရဲ့ အမှုကို အပြီးသတိ အမိန့်ချမယ်လို့ ကြေညာထားပြီးတဲ့နောက် ၃ကြိမ်တိုင် ရုံးချိန်းရွှေ့ဆိုင်းထားပါတယ်။ အထက်က အမိန့်စာလွှာကျမလာလို့ ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ တရားသူကြီးအသိုင်းအဝန်းကနေ သိရပါတယ်။

၅ရက်နေ့ သတင်းစုစည်းမှု

ဧပြီလ ၄ရက်နေ့ နံနက် ၆နာရီကျော်အချိန်က ဘင်္ဂလားဒေ့ချ်မှာ အထည်ဈေးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၅ထောင်ကျော်ပျက်စီးသွားပြီး၊ မီးသတ်ဌာနက မီးသတ် ၅ဦးအပါဝင်၊ လူ ၁၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်ကိုမွေးဖွားပေးခဲ့သည့် ကချင်လူမျိုးများနှင့် KIA/KIOခေါင်း‌ဆောင်များကို အထူးကျေးဇူးတင်ကြောင်း ဧပြီလ ၄ရက်နေ့ ည ၇နာရီမှာ ပြုလုပ်ခဲ့တဲ့ လွတ်မြောက်နယ်မြေအကြောင်း ဟောပြောပွဲ တိုက်ရိုက် Live အစီအစဥ်မှာ ရက္ခိုင့်တပ်တော်၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောကြားခဲ့ပါတယ်။

ဧပြီလ ၄ရက်နေ့က ကျောက်ဖြူတွင် ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သူတွေကို ၁၇ကြိမ်မြောက် ရုံးထုတ်စစ်ဆေးသော်လည်းပဲ စစ်ကောင်စီဖက်က တရားလိုပျက်ကွက်ခဲ့တယ်လို့သိရပါတယ်။

မြောက်ဦးမြို့နယ် ပေါင်းတုတ်မူဆလင်ရွာက သူခိုးဓားမြဂိုဏ်း ၁ခုကို ဧပြီလ ၅ရက်နေ့ နံနက် ၈နာရီကျော်အချိန်က ရက္ခိုင့်တပ်တော်အဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲအတွက် အီရန်အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းနှင့် မြန်မာအမျိုးသမီးအသင်းတို့ ဧပြီလ ၅ရက်နေ့က ခြေစမ်းပွဲစတင်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီ စကခ ( ၉ ) တပ်မဟာ ဒေသတွင်း သွားလာနေသည့် ဆိုင်ကယ်သမား၊ ကားသမားတွေဆီက ငွေကြေး အနည်းဆုံး ၁၀၀၀၀ ထိ တောင်းခံနေတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်က စစ်ဆေးရေးဂိတ်တစ်ခုမှာ တရားမဝင်မြန်မာလုပ်သား ၁၉ဦးဖမ်းဆီးခံခဲ့ရပါတယ်။

ဧပြီလ ၃ရက်နေ့က လကမ္ဘာသို့သွားမယ့် အာကာသခရီးစဥ်အတွက် အာကာသယာဥ်မှူးစာရင်းကို NASAမှ ရွေးချယ်ထုတ်ပြန်လိုက်ပါတယ်။

မြောက်ဦး ဒေသခံ ၃ဦးကို ဧပြီလ ၅ရက်နေ့က မြောက်ဦးမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း တရားလိုပျက်ကွက်တဲ့အတွက် ရုံးချိန်းထပ်ရွှေ့ဆိုင်းလိုက်ပါတယ်။

၄ရက်နေ့ သတင်းစုစည်းမှု

မတ်လ ၂၉ရက်နေ့က ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် ၄၀၀နီးပါး နေရပ်ပြန်ဖို့ စစ်ကောင်စီထံ စာရင်းတင်ထားတယ်လို့ စခန်းတာဝန်ခံ ဦးလှရွှေကပြောပါတယ်။

ဧပြီလ ၄ရက်နေ့ နံနက် ၅နာရီကျော်က စစ်တွေမြို့ MPTဆက်သွယ်ရေးရုံးခြံထဲမှာ ၅၄နှစ်အရွယ် ဝန်ထမ်းတစ်ဦး ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပါတယ်။ သူ့ကို စစ်တွေဆေးရုံကြီးသို့ ပို့ခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ၏ လက်ရှိ ဝန်ကြီးချုပ် ပရာယွက်ချန်အိုက မေလ ၁၄ရက်နေ့တွင်ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ UIT ပါတီခေါင်းဆောင် Pirapan Salirathvibhagaကို ဝန်ကြီးချုပ်အဖြစ်ဆက်ခံစေချင်တယ်လို့ ထုတ်ပြောလာပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီး ၂နှစ်တာကာလအတွင်း သေဒဏ်ချမှတ်ခံရသူ ၁၃၀နှင့် ထောင်ဒဏ်ချမှတ်ခံရသူ ၅၂၇၄ ဦးထိရှိလာပါတယ်။

ဧပြီလ ၃ရက်နေ့ ည ၁၀နာရီကျော်အချိန်တွင် မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာအနီး ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ် ကယ်ရီသမား ဦးစံညွန့်သေဆုံးခဲ့ပါတယ်။

ဧပြီလ ၄ရက်နေ့ နေ့လည် ၃နာရီ‌ကျော်အချိန်က မောင်တောမှာ ကုန်တင်ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းလာသူ ၂ဦးမှာ နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

ကိုဗစ်ကြောင့်ရပ်တန်ထားခဲ့တဲ့ ကမ္ဘာ့တင်းနစ်ပြိုင်ပွဲကို ယခုနှစ် တရုတ်နိုင်ငံတွင် ပြန်လည်ကျင်းပသွားမှာ ဖြစ်ကြောင်း ဧပြီလ ၃ရက်နေ့က ITF မှကြေညာခဲ့ပါတယ်။

ရခိုင်မှ ကမ္ဘာ့အဆင့်မီ ဂီတပညာရှင် ဆရာဦးစောနုသည် ဧပြီလ ၄ရက်နေ့ ည ၇နာရီကျော်အချိန်တွင် အသည်းကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့ပါတယ်။

၃ရက်နေ့သတင်းစုစည်းမှု

ဧပြီလ ၁ရက်နေ့ မနက်က တနင်္သာရီတိုင်း၊ ထုံခါ-မောတောင်လမ်းပိုင်းတွင် ခရီးသည်တင်ကားကို PDFကာကွယ်ရေးတပ်က မှားပစ်ခတ်ခဲ့တာကြောင့် PDFအဖွဲ့မှ ပြည်သူတွေကို တောင်းပန်းးထားပါတယ်။

အီရန်နိုင်ငံမှာ ခေါင်းစည်းပဝါ မခြုံထားတဲ့ အမျိုးမီး၂ဦးကို အမျိုးသား ၁ဦးက ဒိန်ချဥ်နဲ့ လောင်းချခဲ့မှုဖြစ်ပွားခဲ့ပြီးနောက် အဲဒီအမျိုးသမီး ၂ဦးကို အာဏာပိုင်တွေက ဖမ်းမိန့်ထုတ်ခဲ့ပါတယ်။

ရခိုင်သို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိလာတာကို သတင်းရေးသားဖော်ပြခဲ့တဲ့ သတင်းဌာနတွေကို ဖမ်းဆီးရန်စောင့်ကြည့်နေကြောင်း ပြည်နယ်စစ်ကောင်စီကပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ PTI ပါတီဝင် ၃၀၀၀ ကျော်ကို ပါကစ္စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဝန်ကြီးချုပ်ဟောင်း အင်မရန်ခမ်းကပြောပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်