Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းစုစည်းတင်ပြမှု

ABN-ရှိုင်းမိုး

@ ဇန်နဝါရီ ၁၅ ရက်

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁ နာရီခန့်က စစ်ကိုင်းတိုင်း ကန့်ဘလူတွင် ကလေး ၃ဦး အပါဝင်၊ မိသားစုဝင် ၈ဦးအသတ်ခံရပြီး အဖိုးတန်ပစ္စည်းများကိုပါ လုယူခံခဲ့‌ကြောင်းသိရသည်။

တရုတ်နိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်မှုကြောင်း ၁ လကျော်အတွင်း လူပေါင်း ၆ သောင်းနီးပါး သေဆုံးကြောင်း တရုတ်ကျန်းမာရေး ဌာနမှထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၅ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ရသေ့တောင်၊ မင်းပြားနှင့် ကျောက်တော်မြို့တို့ကို နေဗီဖြင့် ရိက္ခာထပ်ဖြည့်နေသည်။

စစ်ကောင်စီဖက်မှ ပုဒ်မ ၂ခုဖြင့် တရားစွဲခံထားရသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင်ကို ၄ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးသော်လည်း ၄ ကြိမ်တိုင် တိုင်တရားလိုရောက်မလာကြောင်းသိရသည်။

ပေါ်တူဂီနိုင်ငံတွင် ထောင်နှင့်ချီသည့် ဆရာ၊ ဆရာမများ လစာတိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည်။

လွိုင်ကော်မြို့တွင် ၇၁ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းနားကို လက်နက်ကြီးများဖြင့် ပစ်ခတ်လိုက်သောကြောင့် ၁ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိကြောင်းသိရသည်။

ဇန်နဝါရီလ ၁၅ရက် နံနက် ၁၁ နာရီ ခန့်တွင် နီပေါနိုင်ငံ၌ လေယာဥ်ပျက်ကျသောကြောင့် လူပေါင်း ၆၈ ဦးသေဆုံးကြောင်းသိရသည်။ ထိုလေယာဥ်တွင် လူဦးရေစုစုပေါင်း ၇၂ ဦးပါကြောင်းသိရသည်။

@ ဇန်နဝါရီ ၁၄ ရက်

ဇန်နဝါရီ ၁၃ ရက် ညနေ ၆ နာရီအချိန်တွင် နေပြည်တော် ဇေယျာသီရိမြို့ နယ် ရန်ကုန်- မန္တလေး ကားလမ်းမပေါ်တွင် ဆီဘောက်ဆာကား ၂စီးတိုက်မိပြီး ကား ၂ စီးလုံး မီးလောင်သွားကြောင်းသိရသည်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်လိပ်ပုတ်ရွာ၌ ဇန်နဝါရီလ ၁၃ရက်နေ့ ညနေ ၃ နာရီကျော်မှစ၍ အရက်ချက်စက်ရုံမီးလောင်ရာတွင် လူ ၁၂ ဦးဒဏ်ရာရရှိကြောင်းသိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အောင်လအန်ဆန်းက ဘရာဇီးဖိုက်တာ ဂီလ်ဘာကို ဂယ်ဗောင်းကို တချီတည်းနဲ့ အလဲထိုးအနိုင်ယူခဲ့သည်။

ဇန်နဝါရီလ ၁၄ရက် ည ၁နာရီနီးပါးခန့်တွင် သျှမ်းပြည်နယ်၊ မူဆယ်မြို့နယ် ပန်းခမ်းရွာတွင် နှစ်ထပ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် စိုးရိမ်သဖြင့် ထန်တလန်တွင် စာသင်ကျောင်းများအားလုံးကို ရက်အကန့်သတ်မရှိ ပိတ်ထားကြောင်းသိရသည်။

@ ဇန်နဝါရီ ၁၃ ရက်

ရခိုင်တွင် စစ်တွေမှ မင်းပြားသို့ ဇန်နဝါရီလ ၁၃ ရက် နံနက် ၈နာရီကျော်အချိန်တွင် စစ်ကောင်စီ နေဗီ ၂ စီးဖြင့် ရိက္ခာ၊ လက်နက်၊ စစ်အင်အား အပြည့်ဖြင့် ထွက်သွားကြောင်းသိရသည်။

ဇန်နဝါရီလ ၁၂ရက်နေ့ ည ၉နာရီကျော်ခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အမှတ် ၁၆ မာလာမြိုင် ၂လမ်းက ရေခဲစက်ရုံကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားသောကြောင့် လူပေါင်း ၃၀ နီးပါး ဆေးရုံ့သို့ အရေးပေါ် ပို့ခဲ့ရကြောင်းသိရသည်။

ရ‌သေ့တောင် စေတီတောင်အနောက် စစ်ဘေးရှောင်စခန်းတွင် အဆောင်တဲများပျက်စီးနေသဖြင့် ပြန်လည်တည်ဆောက်ရန်အတွက် အကူညီများလိုအပ်နေသည်။

မြောက်ဦးမြို့မစျေးအနီးတဝိုက် စျေးဆိုင်တန်းများမှ လမ်းမပေါ်သို့ ထိုးထုတ်ကာဆောက်လုပ်ထားသည့် ဆိုင်အခန်းအယပ်တွဲများကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက မြောက်ဦးစည်ပင်သာယာရေးအဖွဲ့မှ ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက လာရောက်ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၃နာရီခွဲအချိန်တွင် မှော်ဘီမြို့ လိပ်ပုတ်ရွာအုပ်စု အမှတ် ၄ လမ်းမကြီးပါ်က အရက်ချက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ စက်သုံးဆီဆိုင်ပိုင်ရှင်များအား အစည်းအဝေးခေါ်ပြီး ဆိုင်ပိုင်ရှင်များထံမှ ဘိလပ်မြေအိတ် ၆၀ နှင့် အုတ်လုပ်ငန်းရှင်များထံမှလည်း အုတ်ခဲ ၁၀၀၀ တို့ကို တောင်းခဲ့ကြောင်းသိရသည်။

စစ်ကောင်စီကပြုလုပ်သည့် ရွေးကောက်ပွဲကို မပူးပေါင်းရန် နှင့် ပူးပေါင်းသူများကို အရေးယူမည်ဟု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထီးချိုင့်တွင်ကြေညာခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည့် ၆၀ ပြည့်နှစ် တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းနားကို လူဦးရေး ၂၀၀၀ ကျော်တတ်ရောက်ဂုဏ်ပြုပေးခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးမှ ထုတ်ပြန်ခဲ့သည်။ နှစ် ၆၀ ပြည့် တအာင်းအမျိုးသားတော်လှန်ရေး‌နေ့ အခမ်းနားသို့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် MNTJP/]MNDAAVနှင့် ULA/AA တို့မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

@ ဇန်နဝါရီ ၁၂ ရက်

တောင်ကိုးရီးယားနှင့် ဂျပန်တို့သည် တရုတ်နိုင်ငံသားခရီးသွားများအား ဗီဇာထုတ်ပေးမှုကို အင်္ဂါနေ့ကစပြီး ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

ကျောက်ဖြူမြို့မှ ငါးဖမ်းသင်္ဘောတစ်စီး မာန်အောင်တိုက်ကျွန်းတွင် မီးလောင် နစ်မြုပ်၍ အသက် ၂၀အရွယ် ကိုမောင်ရင်အောင် နှင့် စက်ဆရာတစ်ဦး သေဆုံးသွားခဲ့ပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခံခဲ့ရသည့် ကချင်ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဒေါ်တာ ခလမ်ဆမ်ဆွန်းကို စစ်ကောင်စီဖက်မှ ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။

ကျောက်တော်မြို့နယ် ရောင်ဇုံရွာတွင် အသက် ၂၂ အရွယ် မောင်ဇော်သန်းဦးသည် ကိုယ်ထူကိုယ်ထ ရွှေ့လျား စာကြည့်တိုက် တစ်ခုပြုလုပ်လျှက်ရှိပြီး ထိုစာကြည့်တိုက်တွင် ကလေးငယ်များဖတ်ရန်အတွက် စာအုပ်များလိုအပ်နေကြောင်းသိရသည်။

ကမ္ဘာ့ပြိုင်စံရှား ဂစ်တာကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ဂျက်ဖ်ဘက်ခ်သည် ဇန်နဝါရီလ ၁၀ရက်နေ့က သေဆုံးသွားခဲ့သည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်မှ အမာခံအဆောင်များဆောက်လုပ်ရန် ဒေသခံခရီးသည် စက်လှေများထံမှ သစ် ၂ တန် ( သို့ ) ငွေ ၁၀ သိန်းကျပ်စီအတင်းအဓမ္မတောင်းနေကြောင်းသိရသည်။

ပုဏ္ဏားကျွန်းတွင် ကန်တော်ကြီးဆည်မှ ရေပေးမှုကို ကန့်သတ်ချက်ဖြင့် ပေးနေသဖြင့် ပုဏ္ဏားကျွန်းမြို့သူ၊ မြို့သားများမှာ ရေအခက်ခဲဖြစ်နေကြောင်းသိရသည်။

ရခိုင်ပြည်တွင် နှလုံးလှ ပရဟိတသမား ၃ ဦးအား ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က စစ်တွေမြို့ မင်းဗာကြီးလမ်းရှိ New World ခန်းမတွင် ဆုချီးမြှင့်ပွဲပြုလုပ်ခဲ့သည်။

@ ဇန်နဝါရီ ၁၁ရက်

စစ်ကောင်စီ၏ ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရသည့် လူထုဇော်ဝင်း အပါဝင် ပြည်သူ ၂ ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့ရုံးချိန်တွင် အပြီးသတ်အမိန့်ချမှတ်မည်ဟုသိရသည်။

စစ်ကောင်စီမှ ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်း ၄ နာရီခွဲအချိန်တွင် အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ် ထန်တလန်တွင် ရှိသည့် ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/CAN) တပ်မတော်ကို ဂျက်လှေယာဥ် ၅ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သောကြောင့် CNF ရဲဘော် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၃ ဦးကျဆုံးပြီး ၁၀ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကျောက်တော်တွင် မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည့် စစ်ဘေးရှောင်ဒုက္ခသယ် ၁ ဦး၏ အမှု တရားလိုမရောက်၍ ကြန့်ကြာနေသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က စစ်ကောင်စီ၏ မတရားဖမ်းဆီးမှုကို ခံခဲ့ရပြီး ၊ ထိုသူအား စစ်ကောင်စီဖက်မှ တရားလိုလုပ်ကာ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်မှ လှည်းလမ်းကုန်းရွာနှင့် သုံးခွရွာတို့ကို ဇန်နဝါရီလ ၆ရက်နေ့ နှင့် ၇ရက်နေ့ က စစ်ကောင်စီဖက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ အသက် ၂၆ နှစ် အရွယ် ကိုဇော်မိုးလွင်သည် သေဆုံးသွားပြီး၊ သူ၏ မိသားစုဝင် ၆ဦး ဒဏ်ရာရရှိခဲ့ကာ၊ အသက် ၆၃ နှစ် ဦးကျော်မြင့် နှင့် သမီးဖြစ်သူ အသက် ၁၆နှစ် အရွယ် မဖြူနှင်းတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ထုတ်ပြန်ထားသည်။

ပါကစ္စတန်နိုင်ငံတွင် ရေးဘေးသင့်မှုကို ပြန်လည်ထူထောင်ရန် ဂျီနီဗာညီလာခံတွင် နိုင်ငံ ၄၀ မှ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ကို ထောက်ပံ့ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက်က ပါကစ္စတန်၏ ထုတ်ပြန်ချက်အရသိရသည်။

ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလ ၅ရက်နေ့ကတည်းက ပျောက်ဆုံးနေသည့် စိတ်ဝေဒနာခံစားနေသူ မိခင်တစ်ဦးနှင့် ကလေးငယ် ၂ ဦးတို့အား ၆ ရက်ကြာသည့်တိုင် ရှာမတွေ့သေးကြောင်းသိရသည်။

@ ဇန်နဝါရီ ၁၀ ရက်

ကျောက်ဖြူမြို့ ခမရ ၅၄၂ တပ်ရင်းသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အဖွဲ့ရောက်ရှိကာ ကျောက်ဖြူမြို့ စီးပွားရေးဇုန်၊ GTC ကျောင်းနှင့် ကျောက်ဖြူအခြေနေကို စစ်ဆေးသွားမည်ဟု ဇန်နဝါရီလ ၁၀ ရက်နေ့တွင် သတင်းထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သည် ဒီဇင်ဘာလ ၂၂ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းခရိုင်ကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၉ ဦးအပါအဝင် ပွဲစား ၃ ဦးကို ဖမ်းဆီးရမိကြောင်း ဒေသ သတင်းဌာန Maesaipress မှ ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၉ရက်နေ့က အကြမ်းဖက်စစ်ကောင်စီမှ တရားမဝင် ကျင်းပ ပြုလုပ်သွားမည့် ရွေးကောက်ပွဲကို မပါဝင်ရန်နှင့် သန်းခေါင်စာရင်းကောက်ခြင်းတို့ကို ပူးပေါင်းပါဝင်ကြသူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု NUG ထုတ်ပြန်ကြော်ညာခဲ့သည်။

စစ်ကိုင်းတိုင်တွင် ဇန်နဝါရီလ ၁၀ ရက်အတွင်း စစ်ကောင်စီက ပြည်သူ ၁၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ရွာ ၁၂ ရွာကို မီးရှို့ခဲ့သောကြောင်း ပြည်သူ့ အိမ် ၃၅၀ ကျော်ပြာကျခဲ့ပြီး ဒေသခံ သောင်းနှင့်ချီထွက်ပြေးနေရသည်။

@ ဇန်နဝါရီ ၉ရက်

အမေရိကန်၏ ဖမ်းဆီးခံထားရသည့် ထင်ရှားကျော်ကြားသော စစ်အေးခေတ် သူလျှိုများထဲမှ တစ်ဦးဖြစ်သည့် အန်နာ မွန်တပ်စ်သည် နှစ်ပေါင်း ၂၀ ကျော် အကျဥ်းကျပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ကိုဗစ်ကြာင့် ၃ နှစ်ကျော်ကြာပိတ်ဆဲထားသည့် တရုတ်- မြန်မာ နယ်စပ်ဂိတ်ကို ဇန်နဝါရီလ ၈ရက်နေ့တွင် တရုတ်ဖက်ကပြန်လည်ဖွင့်ပေးခဲ့သာ်လည်း မြန်မာဖက်မှ ဆက်ပိတ်ထားသည်။

ဇန်နဝါရီလ ၅ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ဂုန်းချိန်ရွာမှ စိတ်ဝေဒနာခံစားနေရသည့် မိခင်တစ်ဦးနှင့်အတူ ၄ နှစ်သားကလေးငယ်တစ်ဦး၊ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ၄ ရက်ကြာပျောက်ဆုံးနေသည်ဟုသိရသည်။

KNU နယ်မြေတွင် ဇန်နဝါရီလ ၇ ရက်နေ့ ၁၀ နာရီခန့်လောက် အချိန်တွင် စစ်ကောင်စစ်စီဖက်မှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၆ဦးထက်မနည်း သေဆုံးပြီး၊ ရွှေတွင်းထဲတွင် လူ ၅၀ ခန့်လောက် သေဆုံးနိုင်ပြီး၊ ထိုတိုက်ခိုက်မှုကြောင်း ပြည့်သူဆေးရုံး အပါဝင် အဆောက်ဦး ၇လုံးပျက်စီးခဲ့ကြာင်းသိရသည်။

စစ်ကောင်စီမှ မတရားဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည့် ဓာတ်ပုံဆရာ ဦးစောမိုးကျော်အပါဝင် အရပ်သား ၇ ဦးအား ကျောက်တော်တွင် ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်