Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဉ်သတင်း စုစည်းမှု

အပတ်စဉ်သတင်း စုစည်းမှု

Arakan Bay News–ABN

ဖေဖော်ဝါရီလ ၂၀ ရက်နေ့အတွက် သတင်းများစုစည်းမှု

ကျောက်တော်မြို့နယ် တင်းမရွာအနီးမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၁၀နာရီလောက်မှာ မိုင်းနင်းမိတဲ့အတွက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသွားခဲ့ရပြီး ၁၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ mRNAအသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ပေးဖို့ MIT တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်တဲ့ Retsef Leviက တောင်းဆိုလိုက်ပါတယ်။

Facebookနှင့် Instagramအသုံးပြုသူတွေအနေနဲ့ နှောင်းပိုင်းမှာ ဝန်ဆောင်မှုတွေကို အခပေးဆောင်ပြီတော့သာ သုံးရတော့မယ်လို့ Metaက စီစဉ်နေပြီဖြစ်ကြောင်း မတ်ခ်ဇူဂါဘတ်က တနင်္ဂနွေနေ့က Instagramမှာ ရေးသားခဲ့ပါတယ်။

ရခိုင်မှာ ဖေဖော်ဝါရီလ ၂ ပတ်တာကာလအတွင်း ခိုးဆိုးလုယက်မှု၊ ဓားပြမှုနှင့် လူသတ်မှုပေါင်း ၉ ခုဖြစ်ပွားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ၃ နှစ်တာသွားလာခွင့် ယာယီပိတ်ပင်ထားတဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က တာချီလိတ် – မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေး တံတားကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့အတွက် သတင်းစုစည်းမှု

ရခိုင်ပြည် တောင်ကုတ်မြို့နယ်မှာ လူသတ်မှု၊ ခိုးဆိုးလုယက်မှုတွေ ရှိလာနေတဲ့အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီးတော့ ကျေးရွာအချို့မှာ ရွာသူရွာသားတွေကိုယ်တိုင် အလှည့်ကျ ကင်းစောင့်နေကြရတယ်လို့ သိရပါတယ်။ အလှည့်ကျကင်းစောင့်နေရတဲ့ ရွာတွေကတော့ ရွှေပန်တော၊ ဝဲကြီးထောင့်၊ ရွာသစ်ရွာ၊ မှိုဟင်းတွေနဲ့ အောင်သုခရွာတွေဖြစ်တယ်လို့ သိရပါတယ်။

ထပ်ဆင့်အကယ်ဒမီ၊ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တယ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်းက ရေးသားဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ဇာပန အခမ်းအနားကို ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်များစွာနှင့် ပရိတ်သတ် ထောင်ချီလိုက်ပို့ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၇ နာရီက အမ်းဖက်ကနေပြီးတော့ စစ်ကောင်စီစစ်ကား ၁၀ စီး၊ စစ်သားအင်အားအပြည့်နှင့် ကားငယ် ၃ စီးတောင်ကုတ်မြို့ဘက်ကို တက်သွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကားဆယ်စီးမှာ စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်ပါရှိပြီးတော့ ကားငယ် ၃ စီးမှာလည်း စစ်သားအင်အားအပြည့်၊ လက်နက်အင်အားအပြည့်ဖြည့်ပြီး တောင်ကုတ်ဖက်ကို ထွက်သွားခဲ့တာပါ။

မြန်မာစစ်တပ်က အရာရှိတွေဖြစ်တဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကြီးကြပ်ရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယ ပြည်ထဲ‌ရေးဝန်ကြီးနဲ့ ရဲချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီး မြင့်အောင်တို့ပါဝင်တဲ့ စစ်တပ်အရာရှိ ၉ ဦးကို EUက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ပုဏ္ဏားရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်က ကားလမ်းဘေးရှိ နေအိမ်တစ်လုံးကို စပါးတင်ဆောင်လာတဲ့ ၆ ဘီးကားတစ်စီး ဘရိတ်ပေါက်သွားကာ ဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခင်းဖြစ်ပွားမှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့အတွက်သတင်းစုစည်းမှု

ဖေဖော်ဝါရီလ ၁၈ ရက်နေ့အတွင်း မီးမတော်တဆလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၃ ဦးအထိရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မြောက်ဦးမြို့နယ် အသက် ၈၈ နှစ်ရှိတဲ့ ဒေါ်မစောသာ၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ၉ နာရီလောက်က ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်က ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းက ဆွမ်းစားဆောင်မီးလောင်သွားတဲ့အတွက် သက်တော် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဦးဇင်း ဦးပဏ္ဍဝနှင့် ဖေ‌ဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၈နာရီကျော်ကကျောက်တော်မြို့နယ်၊ မဟာမုနိ ဘုရားကြီးအနီးမှာရှိတဲ့ မုန့်တီဆိုင်တစ်ဆိုင် မီးလောင်သွားတဲ့အတွက် ဆိုင်ပိုင်ရှင်ရဲ့သား ဦးမောင်သန်းစိုး အသက် ၃၉ နှစ်တို့မှာ သေဆုံးသွားခဲ့ရပါတယ်။

မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာက ကိုအောင်မျိုးလင်း အသက်၂၄ နှစ်၊ ကိုညီညီအောင် အသက်၂၄ နှစ်၊ ကိုမောင်ချေ အသက် ၄ နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်က ကိုမင်းစိုး အသက် ၃၈နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးရွာက ကိုကျော်ဝင်းဟိန်း အသက်၂၂ နှစ်တို့ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက် ၂၀၂၃ ခုနှစ်၊ မနက်ပိုင်းမှာ စစ်တွေအကျဉ်းထောင်ကနေ လွှတ်ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာမိခင်ဘာသာစကားနေ့မှာ ရခိုင်ပြည် စစ်တွေမြို့တွင် ရခိုင်ပြည်ရှိ လူမျိုးစု မိခင်ဘာသာစကားဖလှယ်ပွဲကို ကျင်းပမယ်လို့ စစ်တွေကျောင်းသားသမဂ္ဂက ပြောပါတယ်။ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်ကနေ ညနေ ၅ နာရီအထိ စစ်တွေမြို့ ကမ်းနားလမ်း၊ SS Food စားသောက်ဆိုင်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့အတွက် သတင်းများစုစည်းမှု

စစ်ကောင်စီက ဇန်နဝါရီလ ၂ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တဲ့ နိုင်ငံကူးလက်မှတ်ရုံးတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြန်လည်ဖွင့်ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘန်ကောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်း‌ရေးစင်တာ IDCမှာ နှစ်ပေါင်းများစွာ ထိန်းသိမ်းခံထားရတဲ့ အသက် ၄၉ နှစ်အရွယ် ဝီဂါခိုလှုံခွင့်ရှာဖွေသူ မူဆလင်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အတည်ပြုခဲ့ပါတယ်။

ကျောက်တော်မြို့ ကဝိရတနာစစ်ရှောင်စခန်းက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ဖမ်းဆီးတရားစွဲခံထားရတဲ့ ဦးကျော်ဟိန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်တော်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမဲ့ တရားလိုထပ်မံပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ပုဒ်မ ၂ ခုနဲ့ တရားစွဲခံထားရတဲ့ မြောက်ဦးဒေသခံ ၃ ဦးဖြစ်တဲ့ ဦးကိုကိုညွန့်၊ ဦးကျော်ဝင်းလှိုင်နှင့် ဦးပြည့်စုံဝင်းတို့အမှုကို မြောက်ဦးမြို့နယ် တရားရုံးမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရုံးချိန်းထုတ်ခဲ့ပေမဲ့ တရားလိုပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ရုံးချိန်းကိုလည်း မတ်လ ၁ ရက်နေ့သို့ ထပ်ပြီးရွှေ့ဆိုင်းလိုက်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ပ‌လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ်ရဲ့ ကွယ်လွန်သွားမှုနဲ့ ပတ်သက်ပြီးတော့ ရက္ခိုင့်တပ်တော် AAက ညီနောင်မဟာမိတ်အနေနဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ကျောက်ဖြူမြို့က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ အရပ်သားတွေရဲ့ အမှုကို ကျောက်ဖြူမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးလာတာ အကြိမ်ရေ ၁၀ ကျော်တောင် ရှိလာပေမဲ့ တရားလို စစ်ကောင်စီဖက်က တစ်ကြိမ်တစ်ခါမှ ရုံးချိန်းတက်ရောက်ခဲ့ခြင်း မရှိတဲ့အတွက် မိသားစုတွေမှာ စိတ်ပျက်လာနေကြပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တူးမြောင်းတစ်ခုမှာ သေဆုံးနေတဲ့ ရခိုင်အမျိုးသားတစ်ဦးရဲ့အလောင်းကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ကြပါတယ်။ သေဆုံးနေတဲ့ ရခိုင်အမျိုးသားဟာ အဖ ဦးမောင်ကျန်ရဲ့သား ဦးမောင်သန်းရွှေ အသက်၃၀ နှစ်ဖြစ်တယ်လို့ ကျန်ခဲ့တဲ့ သူ့ရဲ့မှတ်ပုံတင်အထောက်အထားအရ သိရပါတယ်။ ပြီးတော့ စာတစ်စောင်ကိုလည်း သူကမြန်မာဖြစ်ကြောင်း၊ သွားစရာနေရာမရှိတဲ့အပြင် စားစရာလည်းမရှိကြောင်း၊ ထိုင်းစကားလည်းမတတ်တဲ့ကြောင်း၊ ထမင်းနဲ့ရေ ပေးကမ်းသနားကြပါ” ဆိုတဲ့ စာတစ်စောင်ကိုလည်း သူ့ရဲ့ နောက်ပိုးအိတ်ကနေ တွေ့ရှိခဲ့ပါတယ်။

ရှုမ်းပြည်နယ်၊ ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAရဲ့ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ ဒုစစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ်ဟာ အသက် ၆၄ နှစ်အရွယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီက ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ရုပ်အ‌လောင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သင်္ဂြုလ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့အတွက် သတင်းများစုစည်းမှု

ဖေဖော်ဝါရီလ ၂၂ ရက်‌နေ့ ည ၉ နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့နယ်၊ ပုဏ္ဏားကျွန်းချောင်းဝမှာ ငါးဖမ်းနေတဲ့ သားအဖ ၃ယောက်ရဲ့ လှေပေါ်ကို မူဆလင် ၂ ဦးနှင့် ရခိုင် ၁ ဦး စက်လှေနဲ့လာရောက်ပြီး ဖုန်း ၂ လုံးကို လုယူသွားခဲ့တယ်လို့ သိရပါတယ်။ သူတို့သားအဖ သုံးဦးကိုလည်း တုတ်နဲ့ရိုက်နှက်သွားတယ်လို့ အဖေဖြစ်တဲ့ ဦးအေးထွန်းက ပြောပါတယ်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က Specturm News 13 သတင်းဌာနက ရုပ်သံသတင်းထောက် တစ်ဦးနဲ့ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားတစ်ဦးကို အသက် ၁၉ နှစ်အရွယ် Keith Meluin Mosesက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အတွက်ကြောင့် ၎င်းတို့ ၃ ဦးမှာ သေဆုံးသွားခဲ့ရပါတယ်။ လုပ်ကြံသူကို ဖမ်းဆီးထားပြီဖြစ်တယ်လို့လည်း အမေရိကန် The Orange Sheriff’s officeက ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီက ကျောက်တော်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကျောက်တော်မြို့နယ်မှာရှိတဲ့ စစ်ဘေး‌ရှောင်စခန်းတွေက တာဝန်ခံတွေကို ခေါ်ပြီးတော့ စခန်းတွေထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့အတွက် တစ်အိမ်ထောင်ကို ငွေ ၆ သိန်းကျပ်စီပေးမယ်လို့ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)တို့နဲ့ တရားစွဲခံထားရတဲ့ ကျောက်တော်မှ လူထုဇော်ဝင်းအပါအဝင် ဒေသခံ ၅ ဦးကို ဖေ‌ဖော်ဝါရီလ ၂၂ ရက်နေ့က ရုံးထုတ်ခဲ့ပေမဲ့ တရားလိုဘက်က ရုံးချိန်းထပ်မံပျက်ကွက်တဲ့အတွက်ကြောင့် စစ်ဆေးမေးမြန်းမှုတွေ မလုပ်ခဲ့ရဘူးလို့ သိရပါတယ်။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်ည ၈ နာရီကျော်အချိန်က ကန်တော်ကြီးအကွက် ၃မှာနေတဲ့ အသက် ၂၀ အရွယ် ကိုကျော်ခိုင်လင်းမှာ သူ့ရည်းစားဖြစ်သူနဲ့ ချိန်းတွေ့နေစဉ် လူ ၃ ဦးရောက်လာပြီး သူ့ကို ဓားနဲ့ထိုးခဲ့ပြီး ရည်းစားဖြစ်သူကို ပြန်ပေးဆွဲသွားခဲ့တယ်လို့ သိရပါတယ်။ ကိုကျော်ခိုင်လင်းမှာ စစ်တွေဆေးရုံးကြီးမှာ ‌ဆေးကုသမှုခံယူခဲ့ရပြီးတော့ သူ့ရည်းစားဖြစ်သူကိုလည်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းနှင့် ကန်တော်ကြီးရပ်ကွက်က ပြည်သူတွေပေါင်းပြီးရှားဖွေခဲ့ပြီး အိမ်ကိုပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့အတွက် သတင်းများစုစည်းမှု

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်က ပြင်ရှည်ပြင်ရွာကို ဖြတ်သွားပြီးတော့ အုပ်တောင်ရွာဖက်ကို အင်အား ၇၀ ပါတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ဝင်ရောက်စစ်ကြောင်းထွက်သွားခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်‌နေ့ နံနက် ၇ နာရီလောက်က ဖြစ်ပြီးတော့ အုပ်တောင်ရွာတောင်ထိပ်မှာရှိတဲ့ စစ်ကောင်စီ ၄၂၈ တပ်ရင်းသို့ လက်နက်အင်အား၊ ရိက္ခာအင်အားသွားဖြည့်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီလ ၂၁ ရက်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က နောင်တာလောရွာမှာ အသက် ၄ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို ဖခင်ဖြစ်သူ အပြင်ထွက်သွားတဲ့အချိန်မှာ အုတ်လုပ်သားတစ်ဦးကနေပြီးတော့ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ အဲကလေးမလေးမှာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ နေရာမှာပဲ ကိုယ်တုံးလုံးနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြပြီး ကျူးလွန်သူ ဖြစ်တဲ့ အုတ်ဖုတ်လုပ်သား မဲလုံး (ခ) ပေါက်‌ခေါ (ခ) စိုးလင်းဆိုသူကိုတော့ အဲဒီနေ့မှာပဲ ဝိုင်းမော်မြို့မ ရဲစခန်းက ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ယူကရိန်းမှာ တစ်နှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ရုရှားကျူးကျော်စစ်ကို ရပ်တန့်ဖို့အတွက် နှစ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြသင့်တယ်လို့ အဆိုပြုချက် ၁၂ ချက်နှင့်အတူ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဖေ‌ဖော်ဝါရီလ ၂၃ ရက်နေ့က ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရေတပ်က သစ်ပုတ်တောင်ရွာအနီးမှာရှိတဲ့ မြစ်ကြောင်းတစ်လျှောက်မှာ ကျားပိုက် မချရဆိုပြီးတော့ ဒေသခံတွေကို ပိတ်ပင်လိုက်ပါတယ်။ သူ့တို့က တစ်လလို့ဆိုသော်လည်းပဲ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ပြောဆိုချက်ကို အယုံအကြည်မရှိကြောင်း၊ တစ်လထက်တောင် ကြာနိုင်တယ်လို့လဲ ဆိုပါတယ်။

AAနဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အရပ်သား ၆ ဦးကို ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီခွဲက ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမဲ့ တရားလို စစ်ကောင်စီဖက်က ရုံးချိန်းထပ်မံပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။ တရားစွဲခံထားရတဲ့သူတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ ကျောက်တော်မြို့နယ် ဝပြန်ရွာက မောင်သန်းဌေး၊ မောင်သန်းလှိုင်၊ ရဲရို့ပြင်ရွာက ဦးသန်းစိုး၊ မြေပုံမြို့နယ် အငူရွာသစ်က ကိုမောင်ချေ (ခ) ကိုမောင်မျိုးကိုနှင့် မြောက်ဦးမြို့နယ် မဟိန်ဂျီရပ်ကွက်က ကျော်မောင်လင်းတို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၉ နာရီ‌လောက်က ထိုင်းနိုင်ငံသို့ ဆေးကုသရန်သွားခဲ့တဲ့ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးထားတဲ့အတွက် လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးတဲ့အတွက်ကြောင့် ၎င်းကို ပြန်လွှတ်ပေးဖို့ကို အမေရိကန်က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည် စစ်တွေမြို့၊ ဖွဲ့ရာကုန်းဒုက္ခသည် စခန်းထဲမှာရှိတဲ့ မူဆလင်အမျိုးသမီး ၆၀ နီးပါးဟာ အဓမ္မပြုကျင့်ခံထားရတယ်လို့ ရခိုင်အမျိုးသမီးကွန်ယက် ဒေါ်ညိုအေးက ပြောပါတယ်။ ကျူးလွန်သူ စခန်းတာဝန်ခံ ဦးအိုစမန်ဂိုနီကိုလည်း လက်ရှိအချိန်တွင် စစ်တွေထောင်ချုပ်တွင်ဖမ်းဆီးထားပြီဖြစ်ကြောင်း ၎င်းကဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့အတွက် သတင်းစုစည်းမှု

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအတွက် ယာယီရပ်နားထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာတွေကို လာမယ့် မတ်လ ၁ ရက်နေ့မှာ စတင်ထုတ်ပေးသွားမယ်လို မနေ့က မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNUတပ်မဟာ ၅ နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGFတို့ ပူးတွဲပြီး စခန်းချထားတဲ့ တပ်စခန်းတစ်ခုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီမှာ လက်နက်ကိုင်မဟာမိတ်တပ်တွေ ဝင်ရောက်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ် BPLAက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးရွာမှာ ရခိုင်ပြည်ရဲ့ အကြီးဆုံး စာပေဆုပေးပွဲဖြစ်တဲ့ တန်းခိုးဆရာထွန်း စာပေဆုပေးပွဲကို ၉ ကြိမ်မြောက်အဖြစ် လာမယ့် မတ်လ ၂၂ ရက်နေ့မှာ ည ၇ နာရီကနေ ၁၂ နာရီအထိ ကျင်းပသွားမယ်လို့ သိရပြီး ၎င်းပွဲတွင် ဂီတဖြေဖျော်ပွဲများကိုလည်း ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်‌၊ မြောက်ဦးမြို့နယ်ရှိ စေယဝတီ၊ လေးမြို့စား၊ သရက်ချို၊ ဘိုရွာဇီး၊ သဌေးကုန်းနဲ့ မဟာထီး စတဲ့ရွာတွေမှာ ဖရဲစိုက်ပျိုးမှုကို နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်လာခဲ့ကြပြီး ယခုနှစ်မှာ ဖရဲစိုက်တောင်သူတွေအနေနဲ့ ဖရဲသီးစျေးကောင်းရနေတယ်လို့ တောင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံကနေပြီးတော့ မလေးရှားကို အလုပ်သွားရောက်လုပ်ကိုင်မဲ့ တရားမဝင် မြန်မာလုပ်သား ၁၀၀ ကျော်ကို ထိုင်း – မလေးရှားနယ်စပ် ဆုန်ခလာပြည်နယ် ဟတ်ယိုင်ခရိုင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေထဲမှာ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၁၉ ဦးတို့ပါဝင်ကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းမှာ ဆောင်းသီးနှံစိုက်ပျိုးသူ တောင်သူတွေမှာ ယခုနှစ်အတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာကြောင့် ဆောင်းသီးနှံစိုက်ပျိုးမှု ယခင်နှစ်တွေထက် ၅၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်‌နေ့ မနက်ပိုင်းက တောင်ကုတ်မြို့မ ရဲစခန်းက ရဲအုပ် ဝင်းခိုင်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့တယ်လို့၊ အဲဒီလို ဖမ်းဆီးတာကလည်း ဘာအကြောင်းကြောင့် ဖမ်းတာလဲဆိုတာကိုလည်း မသိရဘူးလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ယူကရိန်းသမ္မတ ဇလန်စကီးက ဘေဂျင်းက ယူကရိန်းအတွက် အရေးပေါ် ငြိမ်းချမ်းရေးဆွေးနွေးချက်ထုတ်ပြန်ပြီးတဲ့နောက် သူ့အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။ တွေ့ဆုံမယ်လို့ ပြောခဲ့ပေမဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့မယ်ဆိုတာကိုတော့ သူကပြောခဲ့ခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်လို အနောက်နိုင်ငံတွေက တရုတ်ရဲ့ ပြောဆိုချက်ဟာ သံသယ ရှိစရာကောင်းတယ်လို့ ပြောဆိုနေတာတွေလည်း ရှိပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့အတွက် သတင်းများစုစည်းမှု

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြက်လေး စစ်ဘေးရှောင်စခန်းနဲ့ ကျောက်တော်မြို့နယ် သရက်အုပ် စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ မသန့်ရှင်းတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ အရေပြားရောဂါ ခံစားနေကြရပါတယ်။

ရခိုင်က အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ALD ပါတီဟာ စစ်အာဏာရှင် ဒေါက်တိုင်မဖြစ်လိုတဲ့အတွက်ကြောင့် စစ်ကောင်စီက သြဂုတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်