Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဉ်သတင်းအနှစ်ချုပ်-Weekly NewsArakan Bay News

အပတ်စဉ်သတင်းအနှစ်ချုပ်-Weekly NewsArakan Bay News

အောက်တိုဘာ ၂ရက်(Sep 25-Oct 1, 2023)

အောက်တိုဘာလ ၁ရက်

အာရက္ခပြည်သူ့အစိုးရရဲ့ တရားဥပဒေရေးရာဌာနရှိတရားရုံးနှင့် ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လိုသူများကို ဥပဒေရေးရာလေ့ကျင့်ရေးကျောင်းဝင်ခွင့်လျှောက်လွှာခေါ်ယူမှုကို ULA၏တရားစီရင်ရေးဌာနက ခေါ်ယူနေပါတယ်။

မြောက်ဦးမြို့ရှိ ဘုရားပေါ်စစ်ဘေးရှောင်စခန်းမှ အသက် ၂၅နှစ်အရွယ် ဦးမောင်ဇော်ဇော်ဝင်းကို အလုပ်ပိုင်ရှင်မှ မိုင်းခွဲကျောက်ဖြင့်ရိုက်နှက်လို့ ဦးခေါင်းကွဲသွားသောကြောင့် ၃တန်ချုပ်ရတယ်လို့သိရပါတယ်။

အဆိုပါ ဦးမောင်ဇော်ဇော်ဝင်းသည် အောက်တိုဘာလ ၁ရက်နေ့ည၆နာရီအချိန်က ဂဏန်းသွားရောင်းစဉ်လမ်းတွင် အလုပ်ပိုင်ရှင် ဦးမောင်မောင်သိန်းက မိုင်းခွဲကျောက်တုံးဖြင့် ရိုက်နှက်ခဲ့သည်ဟုသိရပါတယ်။

အလုပ်ရှင်က လုပ်ခလစာ မပေးလို့ ULA ရဲ့ နယ်မြေရုံးမှာ တိုင်ကြားတာကြောင့် ရိုက်နှက်တာ ဖြစ်နိုင်တယ်လို့ ရိုက်နှက်ခံရသူက ပြောပါတယ်။

ငွေကျပ် ၅၀တန်နှင့် ၁၀၀ တန်တွေကို ရုပ်သိမ်းမယ်ဟု စက်တင်ဘာလ ၂၉ရက်နေ့က စစ်ကောင်စီ၏ ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ဖြင့် သတင်းတုများထွက်ခဲ့ပါတယ်။

အဆိုပါ သတင်းကြောင့် ဈေးဆိုင်တွေက ငွေကျပ် ၅၀တန်နှင့် ၁၀၀တန်တွေကို လက်မခံဟု ပြောဆိုနေကြပါတယ်။ အဲဒီ ထုတ်ပြန်ချက်ဟာ သတင်းတု သတင်းမှားသာဖြစ်ပါတယ်။

စက်တင်ဘာလ ၃၀ရက်

မြောက်ဦးမြို့ပေါ်ရှိ ဆင်ချဆိပ်ရပ်ကွက်တွင် စက်တင်ဘာလ ၂၉ရက်နေ့က သက်ငယ်မဒိမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အသက် ၄နှစ်အရွယ်ကလေးငယ်ကို အသက် ၃၁နှစ်အရွယ်အမျိုးသားက မဒိမ်းမှုကျူးလွန်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါ မဒိမ်းမှုကျူးလွန်သူကို ဒေဒဏ်ပေးရန် မိဘတွေက တောင်းဆိုထားပါတယ်။

လက်ရှိမှာ မဒိမ်းမှုကျူးလွန်သူ ဦးဇော်ဝင်းမောင်ကို ULAကဖမ်းဆီးထားတယ်လို့သိရပါတယ်။

မင်းပြားမြို့နယ် ဝင်းဇားရွာမာ စက်တင်ဘာလ ၃၀ရက်နေ့က သီလရှင်တစ်ပါး ရေခပ်သွားရာက ရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ရသေ့တောင်မြို့နယ်ရှိ အငူမော်-စေတီပြင်လမ်းဆိုးဝါးစွာပျက်စီးနေတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေ၊ ဒေသခံတွေနှင့် ကားသမားတွေ အခက်တွေ့နေရတယ်လို့သိရပါတယ်။

အဲဒီ ကားလမ်းမှာ ရသေ့တောင်မြို့နယ် လောင်းချောင်းရွာရှိဘလမ်းမကြီးဖြစ်ကြောင်းသိရတယ်။ ဒါကြောင့် တခြားရွာမှ လောင်းချောင်းရွာကိုကျောင်းသွားတက်နေကြရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။

စက်တင်ဘာလ ၂၉ရက်

မလေးရှားနိုင်ငံမှာ ကျောက်ကပ်ရောဂါခံစားနေရတဲ့ ရခိုင်ဒေသခံတစ်ဦး မိမိကိုယ်ကို ဓားဖြင့်လက်ကိုလှီး၍ အဆုံးစီရင်သွားတယ်လို့သိရပါတယ်။

အဲဒီကျောက်ကပ်ဝေဒနာခံစားနေရတဲ့ အမျိုးသားဟာ ရခိုင်ပြည် ရသေ့တောင်မြို့နယ် သရက်ချောင်းရွာမှ အသက် ၃၇နှစ်အရွယ်ဦးညီညီအောင်ဖြစ်တယ်လို့သိရပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ ငန်းကျွန်း င/မောက်ကျွိန်ရွာမှာ စက်တင်ဘာလ ၂၉ရက်နေ့က အသက် ၁၆နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကြိုးဆွဲချပြီး အဆုံးစီရင်သွားတယ်လို့သိရပါတယ်။

ရသေ့တောင်မြို့နယ် သာယာကုန်ရွာမှာ စက်တင်ဘာလ ၁၆ရက်နေ့က အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ရိုက်နှက်ဆဲဆိုခဲ့တယ်လို့သိရပါတယ်။

အဆိုပါအမှုကို ULA/AAရဲ့ နယ်မြေရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ပေမယ့်လည်း ဖြေရှင်းပေးတာ မရှိသေးဘူးလို့သိရပါတယ်။

စက်တင်ဘာလ ၂၇ရက်နေ့ညနေ ၄နာရီအချိန်က ပုဏ္ဏားကျွန်းမြို့နယ် အောက်မြတ်လှဲရွာတွင် ခရီးသယ်တင်ကားက ဆိုင်ကယ်ကိုဝင်တိုက်ခဲ့တာကြောင့် ဆိုင်ကယ်မောင်းသူမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

AAဌာနချုပ်ရှိရာ လိုင်ဇာစခန်းကို စက်တင်ဘာလ၂၈ရက်နေ့က စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်သောကြောင့် AAမှအရာရှိတစ်ဦး သေဆုံးပြီး တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဆရာမဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုမှာ တစ်ကွာတည်းနေ မောင်မောင်အေးသည် အဓိကသံသယတရားခံဖြစ်ကြောင်း AAဖမ်းဆီးရခြင်းအပေါ် ABNမှ သဲလွန်စတွေ တွေ့ရှိခဲ့ပါတယ်။

စက်တင်ဘာလ ၂၈ရက်

ကျောက်ဖြူမြို့မှာ AAနဲ့ဆက်စပ်ပြီး ဖမ်းဆီးထားသူတွေကို ၁၀ လကြာရုံးထုတ်စစ်ဆေးခဲ့သော်လည်း ထူးခြားမှုတစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။

ကျောက်ဖြူ အချုပ်ထောင်မှာ AAနဲ့ဆက်စပ်သူ ၄၀ ကျော်နီးပါးကျန်ရှိနေတယ်လို့သိရပါတယ်။

စက်တင်ဘာလ ၂၇ရက်

အမ်းမြို့နယ် ရူးစံပြရွာမှာ အထက်တန်းပြကျောင်းဆရာမ ဒေါ် သန်းသန်းဌေးကို လင်ဖြစ်သူက ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ရခိုင်မှာ စက်တင်ဘာလအတွင်း မိုးကြိုးပစ်ခံရလို့သေဆုံးသူ ၂ဦးရှိပြီး ဒဏ်ရာရရှိသူ ၅ဦးရှိခဲ့တယ်လို့သိရပါတယ်။

စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းက ရသေ့တောင်  အငူမော်ဆိပ်ကမ်းသို့စစ်ကောင်စီတပ်သားများ လက်နက်ကြီးများကို စစ်ကား ၉စီးနဲ့ သယ်ယူနေတယ်လို့သိရပါတယ်။

စက်တင်ဘာလ ၂၇ရက်နေ့က ပေါက်တောမြို့နယ်မှာ မီးလောင်မှုဖြစ်ပွားပြီးတော့ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၂၆ရက်

ကျောင်းဆရာမဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုတွင် ထွက်ပြေးနေသည့် အဓိကတရားခံ မောင်မောင်အေးကို စက်တင်ဘာလ ၂၆ရက်နေ့က ပြန်လည် ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

Jesus Lin, [10/3/2023 10:34 AM]
ရသေ့တောင်မြို့နယ် မယူကမ်းဒေသ ဒုံးပိုက်ရွာမှ သက်တော် ၁၀၄နှစ် ကျောင်းထိုင်ဆရာတော် စက်တင်ဘာလ ၂၆ရက်နေ့က ပျံလွန်တော်မူကြောင်းသိရပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ ည ၁၁ နာရီက တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အနီးတွင်ရှိသည့် TNLA တပ်စခန်း တပ်မဟာ(၁)နယ်မြေထဲမှ TNLA တပ်စခန်းကို ဂျက်လေယာဥ် ၂ စီးဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၂၅ရက်နေ့က မင်းပြားမြို့နယ် ပန်ဇင်းမော်ရွာအနောက်ဘက်ရှိ မင်းမချောင်းကမ်းစပ်တွင် ရပ်ထားသော နွားခရီးသွားဘုတ်တစ်စီးကို မူဆလင်အမျိုးသား ၄ဦးက ဓားမြတိုက်သွားတယ်လို့သိရပါတယ်။

စက်တင်ဘာလ ၂၅ရက်

စက်တင်ဘာလ ၂၅ရက်နေ့က ပုဏ္ဏားမြို့နယ် ယိုးတရုတ်စံပြရွာတွင် နေအိမ်တစ်လုံးမှ ရွှေကျပ် ၂၆ကျပ်နဲ့ ကျပ်သိန်း ၈၀ ကျော်အခိုးခံရတယ်သိရပါတယ်။

အခိုးခံလိုက်ရတဲ့ အိမ်ပိုင်ရှင်မှာ ဦးမောင်ယေနေအိမ်ဖြစ်ပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်