Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဉ်သတင်းများ စုစည်းမှု

အပတ်စဉ်သတင်းများ စုစည်းမှု

မေ ၂၉ ရက်သတင်းများ

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မင်းပြားမြို့နယ် ကြပ်စင်ကျွန်းက ရွာတွေဖြစ်တဲ့ ဖလောင်းပြင် ၊ ရငံဆည် ၊သစ်ပုတ်တောင် ၊မြောင်ချောင်း ၊ရန်တိုင် နဲ့နန်းချောင်း စတဲ့ရွာတွေမှာ လူနေအိမ်တွေအများအပြား ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရခိုင်ပြည် မြောက်ဦးမြို့နယ် ကန်စောက်ကျေးရွာတွင် မုန်တိုင်းကြောင့် လူနေအိမ်ခြေ စုစုပေါင်း ၂၅၇ အိမ်ရှိတဲ့အထဲ အိမ် ၂၃၆ အိမ်မှာ ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပြီး အခုချိန်အထိ အကူအညီပေးရေးအဖွဲ့တွေ မရောက်ရှိသေးဘူးလို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်တွေအပါအဝင် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံစားနေရတဲ့ ရက္ခိုင်ပြည်သူတွေ အရေးတကြီးလိုအပ်နေတဲ့ ဆန်နှင့်တခြားစားနပ်ရိက္ခာတွေကို ရက္ခိုင့်တပ်တော် ULA/AA တပ်ဖွဲ့ဝင်တွေက ဆက်တိုက်လှူဒါန်းပေးနေကြောင်းသိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် ဇွန်လ ပထမပတ်တွင် ထုတ်ပြန်ကြေညာရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာစာစစ်ဦးစီဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

မေ ၃၀ ရက်နေ့သတင်းများ

ရခိုင်ပြည် မြေပုံမြို့နယ် င,မန်းရဲကျွန်းမှ ဒေသခံပြည်သူတွေ အဓိကသွားလာနေတဲ့ ကားလမ်းမကြီး မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့အတွက် ရွာပေါင်း ၁၀ရွာမှ ဒေသခံပြည်သူများ ခရီးသွားလာရေးအတွက် အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်ရှိ ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်အောင် ပြုပြင်ရေးနဲ့ တည်ဆောက်ရေးတွေက်ို ဇွန်လကုန်ရင် အပြီးတည်ဆောက်သွားမယ်လို့ စစ်ကောက်စီက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ စာသင်ကျောင်းတွေ ပြန်လည် ပြုပြင်ခြင်းမရှိဘဲ ကျောင်းတက်နေကြရပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းမတိုက်မီ နာရီပိုင်းအလိုအထိ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေက ရသေ့တောင်မြို့နယ် ညောင်ပင်ကြီး မူဆလင်ရွာသားတွေကို ဘေးလွတ်ရာနေရာတွေကို ပို့ရန်စီစဉ်ပေးခဲ့ သော်လည်း “မလိုက်ဟု” ငြင်းဆန်ကာ ရွာတွင်ကျန်ခဲ့ရာမှ လူ၁၉ဦး ရေနစ် သေဆုံးမှုဖြစ်ရတယ်လို ့ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မေ ၃၁ ရက်နေ့ သတင်းများ

ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF ဖွဲ့စည်းထူထောင်ခြင်း ၂နှစ်ပြည့်အခမ်းအနားသို့ ညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့မှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်တယ်ဟု သိရပါတယ်။

ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့သည် ဇွန်လ ၁ရက်နေ့တွင် စစ်ကောင်စီ ရဲ့ ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်နယ်မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု မေလ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်မြို့နယ်တွင် မေလ ၁၄ နေ့က ဖျက်အားပြင်း မိုခါမုန်တိုင်းတိုက်ခတ်ခဲ့တဲ့အတွက် လူ ၁ဝ ကျော်သေဆုံးကာ ကျေးရွာ ၁၄၆ ရွာပျက်စီးဆုံးရှုံးသွားခဲ့ပြီး စာသင်ကျောင်း ၁၃၁ ကျောင်းပါ ပျက်စီးသွားခဲ့သည်ဟု ဒေသ စာရင်းများအရ သိရပါတယ်။

ဆက်သွယ်ရေးဖုန်းလိုင်း အင်တာနက်လိုင်းတွေ မုန်တိုင်းကြောင့် ၂ ပတ်ခန့်ကြာ ပြတ်တောက်နေခဲ့တဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းတွင် ကရင်ပြည်နယ်၊မြဝတီမြို့ ဦးဥတ္တမဖောင်ဒေးရှင်း အသင်းက ဦးဆောင်ကာ လုံးဝပြိုလဲသွားတဲ့ အိမ်တွေကို ငွေကျပ် ၃ သောင်းစီ ဘုန်းတော်ကြီးကျောင်းမှာ ထောက်ပံ့ခဲ့တယ်ဟု သိရှိရပါတယ်။

ရခိုင်ပြည် ရမ်းဗြဲမြို့နယ် လေးတောင်မြို့နယ် အမှ

တ် ၁ရပ်ကွက် နဂါးရပ်နေ ၈တန်းကျောင်းသား မောင်လင်းလင်းထွန်းနဲ့ ၁၁တန်းကျောင်းသား မောင်မင်းမြတ်မောင်တို့ မေလ၃၁ရက်နေ့ နေ့လည် ၁၂နာရီခန့်က အိမ်တွင်ဖုန်းအားသွင်းပြီး ဂိမ်းကစားနေစဉ် မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇွန် ၁ရက်နေ့သတင်းများ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ အဓိကကုန်စည်တွေ စီးဆင်းရာ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းမကြီးကို မုန်တိုင်းကာလအတွင်း ပြန်လည်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံပြည်သူတွေ ပြောပြချက်အရ သိရပါတယ်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့တွင် အခြေခံပညာအထက်တန်း ကျောင်းများကိုယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၇ နာရီတွင်စတင်ဖွင့်လှစ်ခဲ့​တယ်လို့ ABN မှ ကွင်းဆင်းလေ့လာချက်တွေအရ သိရပါတယ်။

ရခိုင်ပြည်ရှိ စစ်တွေ ၊ ရသေ့တောင်မြို့တွေ ကဲ့သို့ မိုခါ မုန်တိုင်းဒဏ် ခံရပြီး ပျက်စီးမှုတွေရှိခဲ့တဲ့ ကျောက်တော်မြို့နယ်မှ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေ ခုထိကယ်ဆယ်ရေး အထောက်အပံ့ အလုံအလောက် မရရှိသေး​ဟု သိရှိရပါတယ်။

ဖျက်အားပြင်း မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်ကို ဝင်ရောက်ကာ အကူအညီတွေပေးနိုင်ရေးအတွက် စစ်ကောင်စီထံမှ ဝင်ရောက်ခွင့် အတည်ပြုချက်တွေကို စောင့်ဆိုင်းနေရတယ်လို့ United Nations OCHA Myanmar က မေလ ၃၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက် အနီးရှိ ကျေးရွာ ၅ရွာမှ ပြည်သူ ၃၀၀၀ကျော် ထွက်ပြေးတိမ်ရှောင်နေကြရသည်ဟု သိရပါတယ်။

ရခိုင်ပြည်ရှိ အစိုးရကျောင်းတွေကို ဇွန်လ ၁ရက်နေ့မှာ စတင်ဖွင့်လှစ်နေသော်လည်း မုန်တိုင်းဒဏ်ကြောင့် ကျောင်းသားမိဘတွေ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရသည်ဟု သိရပါတယ်။

ဇွန် ၂ ရက်နေ့သတင်းများ

သျှမ်း – ကရင်နီနယ်စပ်ရှိ ကယန်းပြည်သစ်တပ်မတော်၏ လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က ဇွန်လ ၁ရက်နေ့ နံနက် ၄နာရီခန့်က ဗုံးကြဲတိုက်ခိုက်​ခဲ့တဲ့အတွက် လုံခြုံရေးဂိတ်တစ်ခုဆုံးရှုံးခဲ့ရတယ်လို့ဒေသတွင်းသတင်းများ အရ သိရပါတယ်။

ထိုင်းနိုင်ငံ၊ Phra Nakhon Si Ayutthaya ပြည်နယ်မှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ကာ ၄ ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့​တယ်လို့ သိရပါတယ်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် မယူကမ်းဒေသအရှေ့ဖက်ခြမ်းမှာရှိတဲ့ ဇောပြင်ချောင်းတစ်လျှောက်မှာရှိတဲ့ ဒီရေနှင့်ကမ်းထောင်းထိန်း ဓနိခင်းတွေအားလုံး မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားကာ အရေးတကြီးပြုပြင်ရန် ငွေကြေးအကူအညီလိုအပ်နေကြောင်း ABN မှ ကွင်းဆင်းလေ့လာချက်တွေ အရသိရပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်အကူအညီဖြင့် မိုင်းလားတွင်

ဇွန်လ ၁ ရက်နေ့ကစတင်ကာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ထိရောက်စွာကူညီကယ်ဆယ်ရေးပေးနိုင်ရန် ပရဟိတအဖွဲ့တွေက်ိုပါ ကူညီကာ အကြံပေးနေကြောင့် ULAရဲ့ အရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေး စင်တာတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

မုန်တိုင်းသင့် ရခိုင်ပြည်တွင်း မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ ကျောင်းတွေပြန်ဖွင့်နေသော်လည်း ကျောင်းအများစုမှာ ကျောင်းသားများတက်ရောက်ရန် အဆင်မပြေနိုင်သေးဟု သိရပါတယ်။

ဇွန် ၃ရက်နေ့သတင်းများ

မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ပျက်စီးမှုတွေရှိတဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဒိုးတန်းနဲ့ ဖက်ကျကျေးရွာတွင် ယနေ့အချိန်ထိ ကယ်ဆယ်ရေးအထောက်အပံ့ တစ်ခုမှ မရသေး​ဟု ကျေးရွာသားတွေ ပြောဆိုချက်အရ သိရပါတယ်။

အိန္ဒိယနိုင်ငံ Odisha ပြည်နယ် Balasore ဒေသမှာ သောကြာနေ့က ခရီးသည်တင် ရထားနဲ့ ကုန်တင်ရထား၂ စီး ခေါင်းချင်းဆိုင် တိုက်မိတာကြောင့် လူပေါင်း၂၃၀ ဦးထက်မနည်းသေဆုံးကာ လူ ၉၀၀ ကျော် ဆေးရုံတင်ထားရ​တယ်လို့ အိန္ဒိယ သတင်းဌာနတွေ ဖော်ပြချက်အရ သိရပါတယ်။

ရခိုင်ပြည် ရသေ့တောင်မြို့နယ် စေတီပြင် စစ်ဘေးရှောင်စခန်းတွင် မုန်တိုင်းဒဏ်ခံ စစ်ဘေးရှောင်စခန်းတွင် မုန်တိုင်းဒဏ်ခံပြည်သူများ စားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်လျှက်ရှိနေတယ်လို့ ABN မှ ကွင်းဆင်းလေ့လာချက်တွေအရ သိရပါတယ်။

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ပန်ဇင်းမော်ရွာရှိ အလျားပေ ၁၈၀ခန့်၊ အနံ ၄တောင်ခန့်ရှိ ဝါးဖြင့်ပြုလုပ်ထားတဲ့ တံတားပျက်စီးသွားတဲ့အတွက် ပြည်သူများ ခရီးသွားလာရေးတွေ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်၊ မြောက်ဦးမြို့သို့ သုံးဘီးနဲ့ပန်းဝယ်ရန်သွားတဲ့ အမျိုးသမီး ၄ ဦးမှာ ဇွန်လ ၃ရက်နေ့ မွန်းလွဲ၁ နာရီ ၂၀မိနစ်တွင် မြို့မှအပြန် မြောင်းဘွယ်လမ်းမကြီး၌ ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့တဲ့အတွက် ပြင်းထန်ဒဏ်ရာ ၂ ဦးရရှိခဲ့​တယ်လို့ ဒေသခံ ၁ ဦရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဇွန် ၄ရက်နေ့သတင်းများ

စစ်တွေကမ်းခြေတွင် ၁ရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ အစိုးရနည်းပညာကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသိန်းနိုင် အလောင်းကို ဇွန်လ ၃ရက်နေ့ ညနေပိုင်းက ပြန်လည်တွေ့ရှိခဲ့တယ်လို့ မေတ္တာရောင်ခြည်ဖောင်ဒေရှင်းက တစ်ဆင့်သိရပါတယ်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်မှ ကျေးရွာတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေကဆောက်လုပ်ပေးလျက်ရှိနေသည်ကို တွေ့ရပါတယ်။

ရသေ့တောင်မြို့နယ်မှ ၄နှစ်ခန့်ကြာ စစ်ဘေးရှောင်နေရတဲ့ ရဇိုးချောင်းရွာသားတွေက မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ၎င်းတို့ရွာကို ပြန်လည်ပြုပြင်ရန်နှင့် နေပြန်နိုင်ရန် စစ်ကောင်စီကို တောင်ဆို ထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည် မောင်တောမြို့နယ် ကျောက်ပန္ဒူ ကျေးရွာတွင် မိုခါမုန်တိုင်းကြောင့် အိမ်တွေနဲ့ ကျောင်းဆောင်တွေပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ရန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေတာကို ABN မှ ကွင်းဆင်းလေ့လာချက်တွေ့အရ သိရပါတယ်။

သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးတို့အတွက် ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေ အဆုံးသတ်နိုင်ရေးကို ပြင်သစ်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင် အဖွဲ့တွေနဲ့ တခြားအဖွဲ့အစည်းတွေက ၅ရက်ကြာ ဆွေးနွေးခဲ့ပြီနောက်မှာ နိုင်ငံတကာ ဘုံသဘောတူညီချက် မူကြမ်းရေးဆွဲနိုင်တော့မည်ဟု သိရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်