Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဉ်သတင်းများစုစည်းမှု (Weekly News)

အပတ်စဉ်သတင်းများစုစည်းမှု (Weekly News)

Arakan Bay News-ABN

ဇူလိုင် ၂၃ ရက်သတင်းစုစည်းမှု

ဇူလိုင်လ ၉ ရက်နေ့မှာ အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်( ၃)ဆီဆိုင်းတန်းမှ အရက်ဖြူဆိုင်ငယ်ဖွင့်ထားတဲ့ ဒေသခံ ၂ ဦးမှာ ဇူလိုင် ၂၃ ရက်နေ့တိုင် မိသားစုတွေနဲ့ အဆက်သွယ်မရရှိသေးဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။

ဇူလိုင် ၂၃ ရက်နေ့က မင်းပြားမြို့နယ်၊ ငပဂွကျေးရွာ မြစ်ကမ်းစပ်အနီး ရေနစ်သေဆုံးနေတဲ့အမျိုးသာတစ်းဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရာ အဆိုပါ အမျိုးသားမှာ မြောက်ဦးမြို့နယ်၊ မျောက်ချောင်းရွာကဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့က ဂုံးရောင်းသွားတဲ့လမ်းမှာ လှေမှောက်ကာ ပျောက်ဆုံးနေတဲ့အမျိုးသား ဖြစ်တယ်လို့သိရပါတယ်။

ဇူလိုင် ၂၂ ရက်နေ့သတင်းစုစည်းမှု

ဇူလိုင် ၂၁ ရက်နေ့က စစ်တွေမြို့ ၊ကျောက်တန်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ရဲတွေက ရသေ့တောင်မြို့နယ်၊ အနောက်ပြင်ကျေးရွာနေ မူဆလင်အမျိုးသားတစ်ဦးကို ရိုက်နှက်စစ်ဆေးမူတွေပြုလုပ်ခဲ့တဲ့အပြင် ၎င်းမှာ ပါလာတဲ့ ငွေကျပ် သိန်း နှစ်ဆယ် ကိုလည်း အတင်းအဓမ္မယူဆောင်သွားတယ်လို့သိရပါတယ်။

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်က နေအိမ်နဲ့ထမင်းဆိုင်တွေဖျက်ဆီးခံခဲ့ရတဲ့အပြင် အိမ်ဥပစာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရတဲ့ ပြည်သူ နှစ်ဦးက ဇူလိုင် ၂၁ ရက်နေ့က ပထမအကြိမ် ရုံးထုတ်ခဲ့ပေမယ့် တရားလိုရောက်မလာတဲ့အတွက်၂၆ရက်နေ့ကို ရုံးချိန်းရွှေ့ဆိုင်းခဲ့တယ်လို့သိရပါတယ်။

အမ်းမြို့နှင့် တပ်တောင်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးတစ်လျှောက်ဆောက်ထားတဲ့ နေအိမ်တွေကို လမ်းဧရိယာအတွင်းက ဇူလိုင် ၂၀ ရက်နောက်ဆုံးထား ဖယ်ရှားပေးဖို့ လမ်းဦးစီးဌာနက အကြောင်းကြားပြောဆိုခဲ့တဲ့အပေါ် ဒေသခံတွေကဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

ဇူလိုင် ၂၁ ရက်နေ့သတင်းစုစည်းမှု

ဇူလိုင် ၂၁ ရက်နေ့က ရခိုင်ပြည်၊ ပေါက်တောမြို့နယ် မညှင်းကိုင်းကျေးရွာအုပ်စု ဆလီမက်ရန်ရွာမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသား သုံးဦးကို အမည်မသိတဲ့ လူတစ်ဦးက မလေးရှားကို ပို့ပေးမည်ဆိုပြီး လိမ်လည်ကာ ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

မိုခါမုန်တိုင်းသင့် ပြည်သူတွေအတွက် အလှူငွေကောက်ခံတဲ့ ဂီတဖျော်ဖြေပွဲကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဆရာတော် ရက္ခဝံသဟာ အလှူငွေတွေကို မုန်တိုင်းသင့် ဒုက္ခသည်တွေကို မကူညီပဲ သူ့ကိုယ်ကျိုးအတွက်သာ သိန်း ငါးရာကျော်ကို အသုံးပြုခဲ့တယ်ဆိုတဲ့ ရခိုင်အဆိုတော် Rကြီးရဲ့စွပ်စွဲမှုအတွက် လူမှုကွန်ရက်ပေါ်မှာ လူသိရှင်ကြား မတောင်းပန်ရင် Rကြီးကို တရားစွဲမယ်လို့ ဆရာတော် ရက္ခဝံသ က ဇူလိုင် ၂၁ ရက်နေ့က မိန့်ကြားခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့သတင်းစုစည်းမှု

ထိုင်း-မြန်မာနယ်စပ် တတ်ခရိုင်၊ တတ်မြို့၊ ထန်ဆွန်မီးပွိုင့်လမ်းဆုံမှာ ဇူလိုင်လ ၂၀ ရက် နံနက်အစောပိုင်းက တရားမဝင် မြန်မာလုပ်သား ၁၇ ဦးတင်လာတဲ့ကားဟာ ကုန်တင်ကားနဲ့တိုက်မှုဖြစ်ကာ မြန်မာလုပ်သား ၅ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်၊မြောက်ဦးမြို့မှာရှိတဲ့ မြတန်ဆောင်းဖောင်ဒေးရှင်းက စစ်ဘေးရှောတေတွေ ပြုလုပ်ထားတဲ့ ကြိမ်နဲ့ပြုလုပ်တဲ့ လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို ရခိုင်ပြည် မြို့နယ်အချို့မှာ ဖြန့်ဝေရောင်းချနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၉ ရက်သတင်းစုစည်းမှု

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဇူလိုင် ၁၈ ရက် ၁၉ ရက် နှစ်ရက်တာ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက်ကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ကာ ရေကြီးမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးနဲ့ သက်ကြီးပိုင်းအရွယ် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ မယူတောင်ကြောထဲမှာ ဇူလိုင်လ ၁၉ ရက်နေ့က AAနဲ့ ARSA အကြမ်းဖက်အဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ARSA ဖက်က ၄ ဦး နဲ့ ရက္ခိုင့်တပ်တော် ဖက်က ၁ ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က ကျေးရွာပေါင်း ၅၀ ကျော်မှာ ULA/AAရဲ့ ဆေးတပ်သားတွေက နေ့စဉ်မပြတ် ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၈ ရက် သတင်းစုစည်းမှု

မင်းပြားမြို့နယ်၊ ကျားပိုက္ကေ ကျေးရွာမှ ၃ ရက်ကြာ ပျောက်ဆုံးနေတဲ့ အသက် ၃၀ ကျော်အမျိုးသား တစ်ဦးရဲ့ ရုပ်အလောင်းကို ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီ ၃၀ မိနစ်မှာ မင်းပြားမြို့နယ်၊ သစ်ပုတ်တောင် ကျေးရွာ စာသင်ကျောင်း အနှောက်ဘက်မြစ်ကမ်းစပ်မှာ ပြန်ရှာတွေ့တယ်လို့သိရပါတယ်။

ရခိုင်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအပြီးမှာ ရခိုင်ပြည်ရဲ့ မြို့နယ်အချို့တွင် သွေးလွန်တုပ်ကွေး အဖြစ်များနေပြီး သွေးလွန်တုပ်ကွေးကြောင့် အသက် ၁၅ နှစ်အောက် ကလေးများသေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေးရွာနဲ့ မီးကျောင်းချောင်း ကျေးရွာ နှစ်ရွာက အုပ်ချုပ်ရေးမှု ၂ ဦးကို စစ်ကောင်စီက ၉ လတာဖမ်းဆီးထားခဲ့ရာကနေ ဇူလိုင် ၁၅ ရက်နေ့က မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ ၁၇ (၂) တို့ဖြင့် စီရင်ချက် ချမှတ်လိုက်တယ်လို့သိရပါတယ်။

KNU တပ်မဟာ( ၆)နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ခလယ်တံခွန်တိုင် ကျေးရွာ အုပ် အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စကစက အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ၁၇ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ သတင်းစုစည်းမှု

ဇူလိုင် ၁၇ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖော်ခရိုင်၊ ဆပီမြို့နယ်၊ နာဆက် ကျေးရွာအုပ်စုအနီးမှာရှိတဲ့ ရော်ဘာခြံအတွင်း ခြံပိုင်ရှင်တစ်ဦးနဲ့ ခြံအလုပ်သမား မြန်မာနိုင်ငံသား ၃ ဦးမှာ သေနတ်ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းသိရပါတယ်။

ဇူလိုင် ၁၇ ရက်နေ့၊ မနက် ၉ နာရီကျော်ခန့်မှာ ကျောက်ဖြူမြို့၊ ကာလဘာရပ်ကွက်ရဲ့ သီဟိုတော လမ်းဘေး ရေမြောင်းအတွင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်