Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပစ်စဥ်သတင်းစုစည်းမှု-Weekly News(သြဂုတ် ၁၄ ရက်နေ့မှ ၂၀ ရက်မေ့အထိ)

အပစ်စဥ်သတင်းစုစည်းမှု-Weekly News(သြဂုတ် ၁၄ ရက်နေ့မှ ၂၀ ရက်မေ့အထိ)

၂၀ ရက်နေ့ သတင်းများစုစည်းမှု

သြဂုတ်လ ၁၉ ရက်နေ့ ကနေဒါနိုင်ငံ အနောက်ဘက်ရှိ British Columbiaပြည်နယ်မှာ  တောမီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက်  လူပေါင်း ၃၅၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ အာဏာပိုင်များကပြောကြားခဲ့ပါတယ်။

၁၉ ရက်နေ့ သတင်းများ စုစည်းမှု

မင်းပြားမြို့နယ်၊ ဆန်ထိုးတန်း (မူဆလင်) ရွာမှာ  သြဂုတ် ၁၉ ရက်နေ့ နေ့လည် ၁ နာရီ တွင် ထမင်းချက်တဲ့ မီးဖိိုမှာ ငါးကင်ထားရာကနေ တဆင့်   ငါးကင်ကို မီးစလောင်းခဲ့ကာ မီးဖိုဘေးနားရှိ တာပေါ်လိပ်ကိုမီးကူးသွားတဲ့အတွက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ် ၉ အိမ်နဲ့ စပါးကျီ ၁ လုံးပါသွားတယ်လို့ ဆန်ထိုးတန်းရွာရဲ့ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့  တောင်ကိုးရီးယား သမ္မတ Yoon Suk Yeol တို့ သံတမန်ရေး ကြိုးပမ်းမှု သမိုင်းဝင် ထိပ်သီးညီလာခံအဖြစ် အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်က Camp David သမ္မတအပမ်းဖြေစခန်း၌ တွေ့ဆုံရာမှာ လုံခြုံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်းတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ မြို့ဦးဂေါင်း စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၁၂ လပိုင်းမှစကာ စားနပ်ရိက္ခာကယ်ဆယ်ရေးတွေ လုံလောက်စွာမရရှိခဲ့တဲ့ အတွက် စစ်ဘေးရှောင်တွေ စားဝတ်နေရေး မဖူလုံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ တာဝန်ခံ ဟောင်း ဦးဝင်းနိုင်က  ABNကိုပြောပါတယ်။

၁၈ ရက်နေ့ သတင်းများစုစည်းမှု

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ တောင်ဖြူဆည်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က မြောက်ဦးမြို့နယ်၊မောင်ရွှေကန်ရွာမှ တက္ကသိုလ်ကျောင်းသားတစ်ဦး ရေကစားရာကနေ ရေနစ်ပြီး သေဆုံးမှုဖြစ်ပွားပြီးတဲ့နောက် ရေကစားခြင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က တားမြစ်လိုက်သည်ကိုတွေ့ရပါတယ်။

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ရေလွှမ်းမိုးခြင်းခံခဲ့ရတဲ့  မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှာ အိမ်သာတွေ နဲ့ လျှောက်လမ်းတွေ အရေးတကြီးပြန်လုပ်ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ABNကိုပြောပါတယ်။

၁၇ ရက်နေ့ သတင်းများစုစည်းမှု

ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ၊ ရထားဘူတာစစ်ဘေးရှောင်စခန်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် လမ်းတစ်ချို့ပျက်စီးသွားခဲ့ပြီး စစ်ဘေးရှောင်တွေ သွားလာရေးအခက်ကြုံနေရတယ်လို့ စခန်းတာဝန်ခံကပြောပါတယ်။

ကျောက်တော်မြို့နယ်က ဆန်စက်ပိုင်ရှင်နဲ့အတူ ပုဒ်မ (၁၇)နှင့် ဖမ်းဆီး တရားစွဲဆို ခံခဲ့ရတဲ့  အဖော်အဖြစ်လိုက်ပါလာသူကို  ဩဂုတ်လ ၁၇ရက်နေ့မှာ (၁၉)ကြိမ်မြောက် ရုံးထုတ်ခဲ့ပေမယ့်လည်း စစ်ကောင်စီဖက်က တရားလိုရောက်ရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

သြဂုတ်လ ၁၇ရက်နေ့ နံနက်ပိုင်း ၈နာရီကျော်အချိန်မှာ မင်းပြားမြို့နယ်၊ နားပဲ့ချောင်းရွာရဲ့ တောင်ဘက်ချောင်းနားမှာ  အသက် ၂၈နှစ်အရွယ် ဦးအောင်ကြာထွန်း   ကြိုးဆွဲချပြီး သေဆုံးနေတာကို ငါးရှာသား တစ်ဦးက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေပိုမိုများပြားလာနေပြီး ဒေသခံပြည်သူတွေသွားလာ
နေတဲ့ နေရာတချို့မှာစစ်ဆေးမှုတွေ သိသိသာသာ ပြုလုပ်မှုများလာတယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက ABNကို ပြောပါတယ်။

၁၆ ရက်နေ့ သတင်းများစုစည်းမှု

သြဂုတ်လ ၁၆ ရက်နေ့မှာ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မောင်ရွှီကန်ကျေးရွာရှိ  တောင်ဖြူဆည်မှာ တက္ကသိုလ် ကျောင်းသားတစ်ဦး ရေဆင်းကစားရာကနေ ရေနစ်ပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည် ၊ရသေ့တောင်မြို့နယ် လေးခွဆုံရွာဟောင်းမှာ သြဂုတ်လ ၁၂ ရက်နေ့က ပျောက်ဆုံးနေတဲ့ အမွှာ မောင်နှမ ၂ဦးကို ရွာရှေ့ကချောင်းထဲမှာ ရေနစ်သေဆုံးလျက် တွေ့ရှိခဲ့တယ်လို ရွာသားတစ်ဦးက ABNကိုပြောပါတယ်။

ရခိုင်ပြည် ၊မင်းပြားမြို့နှင့် ပေါက်တောမြို့ကြားရှိ  ကားလမ်းဘေးမှာ  စိုက်ပျိုးထားတဲ့ အရိပ်ရ အပင်တွေကို သြဂုတ်လ ၁၁ရက်နေ့က ဖျက်ဆီးခံလိုက်ရတယ်လို့  အပင်စိုက်ပျိုးရာမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုကျော်ဟိန်း ကABNကိုပြောပါတယ်။

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ လက်ကောက်စျေး စစ်ဘေးရှောင်စခန်းမှာ  စစ်ရှောင်များမှာ ခြင်ထောင်တွေ ဟောင်းနွမ်းပေါက်ပြဲနေပြီဖြစ်တဲ့အတွက် ခြင်ထောင်သစ်တွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကABNကို ပြောပါတယ်။

၁၅ ရက်နေ့ သတင်းများစုစည်းမှု

ရခိုင်အမျိုးသမီးများအရေးတက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးများကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးကို ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ၅၆ ကြိမ်မြောက် စစ်တွေဆန်ပြဿနာနေ့ကို တက်ရောက်ခဲ့တဲ့အတွက် သြဂုတ်လ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ စစ်တွေ အမှတ် (၁)ရဲစခန်းက  ဖမ်းဆီးခဲ့ပြီး  စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) နဲ့တရားစွဲဆိုလိုက်၍  စစ်တွေအကျဥ်းထောင်ကိုပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။

သြဂုတ်လ ၁၄ရက်နေ့ နေ့လည် ၃နာရီကျော်အချိန်မှာ မင်းပြားမြို့နယ် င/တန်ပျင်းရွာက အဖ ဦးရဲလှအောင်ရဲ့ သားအသက်၅၃ နှစ်အရွယ် ဦးလှရွှေအောင်   အစာအဆိပ်သင့်ပြီး သေဆုံးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကABNကိုပြောပါတယ်။

၁၄ ရက်နေ့ သတင်းများစုစည်းမှု

ရခိုင်တွင် ဇူလိုင်လ ၃၁ရက်နေ့မှစကာ မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့တဲ့အတွက် ရွာစုစုပေါင်း ၃၉၀၊ အိမ်ခြေ ၂၈၀၇၂ လုံးနဲ့ ဒေသခံပြည်သူ ၆ဦးသေဆုံးပြီး တိရစ္ဆာန် စုစုပေါင်း ၁၃၉ ကောင်သေဆုံးခဲ့ကာ ရေကန် ၈၅ကန်ပျက်စီးခဲ့၍ တံတား ၃စင်းနဲ့ တာတမံ ၅ ခုပျက်စီးခဲ့ပြီး လယ်ဧကပေါင်း ၇၀၅၃၇.၃၄ ဧကအပါဝင် ကွမ်းပင် ၅၀၀၀ ပျက်စီးခဲ့တယ်လို  ULA/AAမှသြဂုတ်လ ၁၄ ရက်နေ့   ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့  ၃၃ နှစ်မြောက် ရခိုင်-မြန်မာ ပဏ္ဍိတ် သမိုင်းဆရာကြီး ဦးဦးထွန်းသာရဲ့ ကွယ်လွန်ခြင်း အောက်မေ့ဖွယ်အခမ်းအနားကို စစ်တွေမြို့ဓညဝတီ ပါရမီကျောင်းတိုက်၊ ကျော်ဇံရီလမ်း၊ တရားသီစုရပ်ကွက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ  ၃၁ရက်နေ့က ရခိုင်တွင် မုန်တိုင်းငယ်တိုက်ခိုက်ခဲ့တဲ့အတွက် မြို့နယ် ၈မြို့နယ်မှာ မိုးကြီးပြီး ရေလွှမ်းမိုးသွားခဲ့ကာ  လယ်ယာမြေများ ဆုံးရှုံးခဲ့ဂတယ်လို့ လယ်သမားတွေ ပြောကြားချက်အရသိရပါတယ်။

ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ဂစ္ဆပနဒီကမ်းတစ်လျှောက်ရှိသော ရွှေကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်သာနဲ့အဆောင်တွေတိုးချဲ့ဆောက်လုပ်ဖို့လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ABNကိုပြောပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်