Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပစ်ခတ်ရပ်စဲထားသော်လည်း စစ်တွေ-ပုဏ္ဏားကျွန်းအဝေးပြေးကားလမ်းမဖွင့်သေး

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲရေးကို မနေ့က နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ နှစ်ဘက်အလွတ်သဘောတူညီခဲ့ကြကြောင်း နှစ်ဘက်စလုံးက မီဒီယာများသို့ ဖြေကြားခဲ့ကြသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ၁၀ရက်နေ့မှစ၍ ရက္ခိုင့်တပ်တော်AAနှင့် စစ်ကောင်စီတို့ နှစ်ဘက်တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းကိုပိတ်ဆို့ထားသည်မှာရက်ပေါင်း၂၇ ကြာပြီဖြစ်သည်။

”မနေ့ကအပစ်ခတ်ရပ်စဲသံတော့ကြားတယ်။ ဒါပေမယ့်လည်း ကားလမ်းကိုတော့မဖွင့်သေးဘူး၊ကုန်ကားတွေတော့လမ်းပေါ်တွင်ပြည့်နေတုန်းပဲ၊ကားလမ်းဖွင့်မှာကိုဘဲ အကုန်လုံးမျော်လင့်နေကြသည်ဟု” ကားသမားတစ်ဦးမှ ABNသို့ပြောသည်။

စစ်ကောင်စီတပ်မှ စစ်တွေအဝင်အထွက်ဂိတ်နှင့် ကျောက်တန်းဂိတ်များကို ယခုချိန်ထိ ပိတ်ထားဆဲဖြစ်ကြောင်းသိရသည်။

ထိုသို့ လမ်းပိတ်ဆို့ထားခြင်းကြောင့် စစ်တွေတွင် စားသောက်ကုန်များ၊ စက်သုံးဆီများပြတ်လပ်ကာ ကုန်ဈေးနှုန်းမှာလည်း ၂ ဆလောက်ထိ မြင့်တက်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ