Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို ဆက်သွယ်ထားသည့် လမ်းတံတားများအား စစ်ကောင်စီဖျက်ဆီး ဖြတ်တောက်ထား

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို ဆက်သွယ်ထားသည့် လမ်းတံတားများအား စစ်ကောင်စီဖျက်ဆီး ဖြတ်တောက်ထား

AB News – မတ်လ ၁၊ ၂၀၂၄

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရက္ခိုင်ပြည် အမ်းမြို့ကို ဆက်သွယ်ထားသည့် အမ်း-စစ်တွေ-၊ အမ်း-တပ်တောင်၊ အမ်း-တောင်ကုတ် လမ်းတံတားများကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဖျက်ဆီး ဖြတ်တောက်ထားကြောင်း AB News က စုံစမ်းသိရှိရသည်။

အမ်းမြို့နယ်ရှိ အမ်း-စစ်တွေ ကားလမ်းမဖြစ်သည့် ကျောက်စကွဲရွာအနီးရှိ တံတားနှင့် မီးလောင်ချောင်းရွာအနီးရှိ တံတားများကို စစ်ကောင်စီအဖွဲ့က ယခုရက်ပိုင်းအတွင်း ဖျက်စီးလိုက်ပြီဖြစ်ကြောင်း AB News က စုံစမ်းသိရှိရသည်။

ထို့အပြင် အမ်း-တပ်တောင်ကြားရှိ လုံးကျေးရွာ အဝင်ဘက်ရှိ တံတားနှင့် အထွက်ဖက်ရှိ တံတားများကိုလည်း စစ်ကောင်စီက ဘက်ဟိုးစက်ကြီးဖြင့် ဖြိုချ ဖျက်ဆီးထားကြောင်း သိရသည်။

 
အရှုံး​ဖြင့် ရင်ဆိုင်နေရသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် အများပြည်သူများ အသုံးပြုသွားလာနေသည့် တံတားကို ဖျက်စီးထားသည့်အတွက် ပြည်သူများ သွားလာရေး အခက် တွေ့နေရကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” သူတို့က အဲ့ဒီတံတားကို ဖျက်ဆီးလိုက်ပါပြီ၊ ကျမတို့လည်းသွားလာလို့မရတော့ဘူး။ လမ်းကိုဖျက်ထားတော့ ဘယ်မှ သွားလို့လည်းမရတော့ဘူး။ အကုန်ငတ်သေကြတာတော့မှာ” ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်က ဝင်ရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပတ်ဝန်းကျင်လမ်းများအား ဖျက်ဆီး ဖြတ်တောက်ထားခြင်း ဖြစ်မည်ဟု ဒေသခံ ရွာသားတစ်ဦးက မှတ်ချက်ပြုပြောသည်။

“အဲ့ဒီလမ်းက စစ်ရေးအရလည်းအရေးပါတယ်၊၊ ဒါကိုဖျက်ဆီးတာက AA ဝင်မတိုက်နိုင်အောင်ပေါ့။ အခြားတံတားတွေလည်း ဖျက်ဆီးဖို့ရှိတယ်လို့ပြောတယ်” ဟုဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ကျောက်တော် မြို့နယ်ရှိ ကစ္ဆပနဒီတံတား၊ စစ်တွေမြို့နယ်ရှိ မင်းချောင်းတံတား၊ မအီမြို့ရှိ မအီတံတားနှင့် ကျောက်ဖြူမြို့နယ်ရှိတံတား တစ်ခုကိုလည်း စစ်ကောင်စီက ဖျက်ဆီးဖြတ်တောက်လိုက်သည်။

စစ်ကောင်စီသည် ရက္ခိုင်စစ်ပွဲအတွင်း ရိက္ခာနှင့် စစ်အင်အားများအား လေကြောင်းဖြင့် အဓိက လုပ်ဆောင်လာသည်ကို တွေ့ရသည်။

ယနေ့ မတ်လ ၁ ရက်နေ့ နံနက်ပိုင်း ၇ နာရီကျော်တွင်လည်း စစ်ကောင်စီ၏ ထောက်ပို့ရဟတ်တစ်စီးမှာ ရမ်းဗြဲမြို့သို့ ရိက္ခာလာချပေးနေကြောင်းသိရသည်။

စစ်ကောင်စီသည် လမ်း၊တံတားများကိုဖျက်ဆီးခြင်း၊ ရပ်ရွာများကိုဗုံးကြဲချခြင်းနှင့် ပြည်သူများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့၌ တစ်ခုတည်း ကျန်ရှိနေသေးသော ခမရ (၅၅၀) အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လည်း AA ကဆိုသည်။

ဓာတ်ပုံ- မအီတံတားအား စစ်ကောင်စီ ဖျက်ဆီးခဲ့ပုံ

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ