
AB News – ဇန်နဝါရီ ၁၃၊ ၂၀၂၆
ဂျူလိုင်
အင်္ဂလီကန် အသင်းတော် စစ်တွေသာသနာပိုင်နယ်၏ အနားယူသာသနာပိုင်ကြီး Bishop ဗာနာဗထောင်ဝှေ့သည် ခရစ်တော်၌ အိပ်ပျော်သွားသည့်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ULA/ AA မှ ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဝမ်းနည်းကြောင်းသဝဏ်လွှာပို့ပေးထားသည်ကို တွေ့ရသည်။
သက်တော် (၈၂) နှစ်၊ ဝါတော် (၅၇) ဝါရှိ အဆိုပါအနားယူသာသနာပိုင်ကြီးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်၊ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်းသိရသည်။
ခရစ်ယာန်သာသနာရေးရာနှင့် ယုံကြည်သူများအတွက် နှစ်ပေါင်း (၅၇)နှစ်ကြာ လုပ်ဆောင်ပေးခဲ့မှုနှင့်အတူ ယုံကြည်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် လူထုအကျိုးအတွက် သာသနာပိုင်ကြီး၏ ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့သည့် အမွေအနှစ်များကို လေးစားဂုဏ်ပြုကြောင်း အဆိုပါ သဝဏ်လွှာတွင်ဖော်ပြထားသည်။
အလားတူ ကျန်ရစ်သူမိသားစုများ၊ သာသနာဝင်များနှင့် ဝမ်းနည်းပူဆွေးနေကြသူများကိုလည်း စိတ်သက်သာရာ ရရှိစေရန် ဆုတောင်းမေတ္တာပို့သပေးကြောင်း ဆိုထားသည်။