Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဆိုတော် Rကြီးကို တရားစွဲသွားမည်ဟု မင်းပြားမှ ရက္ခဝံသ ဆရာတော်ပြော

ABN-ရှိုင်းမိုး

ဇူလိုင်လ ၂၀ရက်နေ့က မင်းပြားမြို့မှ ရက္ခဝံသဖောင်ဒေးရှင်းဆရာတော်သည် ကယ်ဆယ်ရေးရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကျော်ကို ကယ်ဆယ်ရေးအတွက်မသုံးဘဲ ကိုယ်ကျိုးအတွက် ယူသွားကြောင်းပြောခဲ့သည့် ရခိုင်အဆိုတော် R ကြီးကို မတောင်းပန်ပါက တရားစွဲဆိုသွားမည်ဟု ဆရာတော်က မိန့်ကြားလိုက်သည်။

အခုစွပ်စွဲချက်နဲ့ပတ်သတ်၍ အဆိုတော် Rကြီးသည် ၎င်းFacebook အကောင့်မှတဆင့် မတောင်းပန်ပါက သက်ဆိုင်ရာက တရားစွဲသွားမည်ဟု ဦးရက္ခဝံသက ပြောသည်။

“ကိုယ်တော်ကသူ့ Facebook အကောင့်မှာပြောထားတာကိုမြင်ပါတယ်၊ ဒါက ကိုယ်တော်ကိုနာမည်ဖျက်တာပါ၊ ဒါကြောင့် RကြီးFacebookအကောင့်ကပြန်ပြီးကိုယ်တော်ကို မတောင်းပန်ရင် ကိုယ်တော်ပြောသင့် ပြောထိုက်တဲ့နေရာက အသရေဖျက်မှုနဲ့ တရားစွဲပါမယ်” ဟုပြောသည်။

ရက္ခဝံသံဆရာတော်ဦးဆောင်၍ အဆိုတော် ၁၃ဦးကိုခေါ်ယူကာ မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်စသည့်နေရာများတွင် ၁၃ ည ကပြဖျော်ဖြေခဲ့သည်ဟု အဆိုတော် Rကြီးက ပြောဆိုထားသည်။

“မိုခါမုန်တိုင်းရှောင်အတွက် ရန်ပုံငွေရအောင်လို့ ဆိုပြီး အာဂျမ်းကမ်းလှမ်းလာပါတယ်၊ ဒါကြောင့်ကျွန်တော်လိုက်သွားတယ်၊ ဒါပေမယ့် ရတဲ့ပိုက်ဆံတွေကိုတပြားမှမပေးဘူး၊ တစ်ညကို ၁၀ သိန်းပေးမယ်ပြောထားတာလဲအပြည့်မပေးခဲ့ဘူး၊ ကျွန်တော်က အနုပညာကြေးမရလို့ပြောတာမဟုတ်ဘူး၊ နောက်ဒီလိုမဖြစ်ရအောင်ပြောပြတာပါ” ဟု၎င်းကပြောဆိုထားသည်။

အဆိုတော် Rကြီးဖော်ပြချက် နဲ့ပတ်သတ်၍ ဆရာတော်ရက္ခဝံမှ စွပ်စွဲခံရသည်ဟုပြောပြီး၊ ဖောင်ဒေးရှင်းရန်ပုံငွေအတွက် ပွဲလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က ဆက်ပြောသည်။

“ကိုယ်တော်က ရန်ပုံငွေရအောင် ပွဲချဖို့အတွက် အောင်ဂျမ်းကိုခေါ်တာပါ၊ ဒါပေမယ့် မုန်တိုင်းရှောင်အတွက်မပြောခဲ့ပါဘူး၊ အသင်းမှာ ရန်ပုံငွေမရှိလို ရန်ပုံငွေလိုအပ်လို့ပြောခဲ့ပါတယ်” ဟုပြောသည်။

အဆိုတော် ၁၃ဦးကို တစ်ညလျှင် ၁၀ သိန်းကျပ်ပေးမည်ဟုပြောခဲ့သော်လည်း ငွေကြေးမလုံလောက်၍ ၁၀ ညတာအတွက် သိန်း ၉၀ သာပေးခဲ့ရသည်ဟု ဆရာတော်ကဆိုသည်။

“ရခိုင်ပြည်ထဲမှာ သိန်း ၅၀၀ ရဖို့ကိစ္စဟာလွယ်တာမဟုတ်ဘူး၊ သူကစွပ်စွဲတာပါ၊ ပြီးတော့ သူတို့ကို ပိုက်ဆံအပြည့်အဝမပေးဘဲထားတာလဲမဟုတ်ဘူး၊ ကိုယ်တော်က အောင်ဂျမ်းကိုပြောတယ်၊ ငွေကသိပ်မရဘူး ဒါကြောင့် သိန်း ၈၀ ပေးမယ်ပြောတယ်၊ ဒါပေမယ့် သူကမရဘူးပြောတယ်၊ ဒါကြောင့် နောက်ထပ် ၁၀သိန်းထပ်ပေးတယ်၊ စုစုပေါင်း ၉၀ပေးခဲ့ပါတယ်” ဟုပြောသည်။

ထို့အပြင် ထိုအဆိုတော်များအတွက် အစစအရာရာကို စီစဥ်ပေးခဲ့ရသည့်အတွက်လည်း ကုန်ကျစရိတ်များ ရှိခဲ့ကြောင်း ဆရာတော်က ပြောသည်။

အဆိုတော် Rကြီးကို တရားစွဲသွားမည်ဟု မင်းပြားမှ ရက္ခဝံသ ဆရာတော်ပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ