Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဆိုတော် ရတနာမိုင် ရခိုင်တွင် သောက်သုံးရေသန့်အလှူလုပ်

အဆိုတော် ရတနာမိုင် ရခိုင်တွင် သောက်သုံးရေသန့်အလှူလုပ်

ABN-ရာဟု

သောက်သုံးရေရှားပါးမှုဖြင့်ရင်ဆိုင်နေရသည့် ရခိုင်ပြည် တောင်ကုတ်မြို့နယ်ရှိ ကျေးရွာများတွင် နိုင်ငံကျော် အဆိုတော် ရတနာမိုင်က သူမ၏ဖခင်အား ရည်စူး၍ သောက်ရေသန့်များလှူဒါန်းခဲ့သည်ဟု သိရသည်။

ရေအလှူကို တောက်ကုတ်မြို့နယ် မှိုဟင်းတော၊ ဝက်ကျိုက်၊ သင်္ဘောဆိပ်၊ မလိခဆိပ်နှင့် အောင်သုခကျေးရွာများသို့ ရေကား ၁၀စီးနှင့် ရေသန့်ဗူးကြီး ၁၀၀ ကိုလှူဒါန်းခဲ့ကြောင်း ရတနာမိုင်၏ လူမှုကွန်ယက်တွင် တွေ့ရသည်။

သူမ၏ ဖခင်ဖြစ်သူ ပန်းထိမ်ဆရာကြီး ဦးမောင်ရင်ကွယ်လွန်ခြင်း ၁နှစ်နှင့် ၇လပြည့်အထိမ်းအမှတ်အဖြစ် ရည်စူးကာ ရေလှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်တွင် မြို့နယ်အများစု၌ ရွာဘုံသုံးသောက်သုံးရေကန်များ ခမ်းခြောက်မှုနှင့် ကြုံနေရပြီး သန့်ရှင်းသော ရေရရှိရေး အခက်ကြုံနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ