Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစ္စလာမ် ဘာသာဝင်များ၏ ကုရ်ဘာနီအီးဒ်နေ့ခမ်းအနားတွင် ရက္ခိုင့်တပ်တော် ULA/AAက ဆန်နှင့်တစ်ခြားပစ္စည်းများအပါအဝင် အလှူငွေများကို တက်ရောက်လှူဒါန်း

ABN-ရာဟု

ဇွန် ၃၀ ရက်

အစ္စလာမ် ဘာသာဝင်များ၏ ကုရ်ဘာနီအီးဒ်နေ့ အခမ်းအနားတွင် ရက္ခိုင့်တပ်တော် ULA/ AA တာဝန်ရှိသူများ တက်ရောက်ကာ ဆန်နှင့်တစ်ခြားပစ္စည်းများအပါအဝင် အလှူငွေများကိုပါ လှူဒါန်းပေးခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် ပြုလုပ်သည့် ကုရ်ဘာနီအီးဒ်နေ့အခမ်းအနားပွဲကို အာရက္ခနိုင်ငံတော်တေးသီးခြင်းများနှင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ တက်ရောက်လာသည့် ရက္ခိုင့်တပ်တော် ULA/AAတာဝန်ရှိသူများက ဆန်နှင့် တစ်ခြားပစ္စည်းများ၊ အလှူငွေများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပေးခဲ့သည်ဟု သိရှိရသည်။

ရက္ခိုင့်တပ်တော် ULA/AAက ရခိုင်ပြည်တွင် လူမျိုးရေးခွဲခြားမှုမရှိဘဲ တစ်သွေးတစ်သားတည်း အားလုံးကိုတန်တူထား အုပ်ချုပ်သည့်အတွက် ယခုလို အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီအီးဒ်နေ့ကို တက်ရောက်လှူဒါန်းပေးခြင်းဖြစ်သည်ဟု ULA/AA တန်ဝန်ရှိသူ တစ်ဦးက ABN သို့ပြောသည်။

ရခိုင်ပြည်ရှိ မူဆလင်ဘာသာဝင်များက ဇွန်လ ၂၉ရက်နေ့တွင် ကျရောက်သည့် ကုရ်ဘာနီအီးဒ်နေ့အခမ်းအနားကို မူဆလင်ဘာသာဝင်များရှိရာ မြို့နယ်တိုင်းတွင် အခမ်းအနားများကျင်ပခဲ့ကြရာ ရက္ခိုင့်တပ်တော် ULA/AA တာဝန်ဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ