Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစိုးရ စာသင်ကျောင်းများဖွင့်သော်လည်း မုန်တိုင်းကြောင့် ကျောင်းသားမိဘများ ငွေကြေး အခက်အခဲများနှင့် ရင်ဆိုင်နေရ

ABN-ရာဟု

ဇွန် ၁ရက်

ရခိုင်ပြည်ရှိ အစိုးရစာသင်ကျောင်များကို ဇွန်လ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်သော်လည်း မုန်တိုင်းဒဏ်ကြောင့် ကျောင်းသားမိဘများ ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

မေလ ၁၄ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်ရှိ နေအိမ်များ ၊ ဘုန်ကြီးကျောင်းများ၊ စာသင်ကျောင်များ၊ ဥယာဥ်ခြံမြေနှင့် လယ်မြေများပျက်စီးကာ ပြည်သူများ ဒုက္ခရောက်နေကြရသည်။

ဥယာဥ်ခြံများပါ ပျက်စီးသွားသည့်အတွက် ငွေကြေး အခက်အခဲများဖြစ်နေပြီး နေအိမ်များပြန်လည်တည်ဆောက်ရန်နှင့် စားဝတ်နေရေးအပါအဝင် သားသမီးများ ပညာသင်ကြားနိုင်ရန်အတွက်ပါ အခက်တွေ့နေကြရသည်ဟု မြောက်ဦးမြို့နယ်မှ ဦးအောင်သန်းက ပြောသည်။

“ကျနော်မှာ အိမ်ကလည်းအကုန်ပျက်စီးသွားတယ်၊ ကွမ်းသီးပင်စိုက်ခင်းလည်း ပျက်စီးသွားပြီး၊ ကလေးတွေကလည်း ခုကျောင်းစတက်ရတော့မယ် ၊ ငွေကြေးကလည်း ဘယ်ကရှာရမှန်းမသိတော့ဘူး၊ ကလေးတွေကို စာတတ်စေချင်တယ်” ဟု ကလေး ၂ယောက်ဖခင် ဦးအောင်သန်းက ABN သို့ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ဆည်တာများကျိုးကျကာ ဆားငံရေများ လယ်ယာမြေထဲသို့ ဝင်သွားသည့်အတွက် လယ်မြေများစွာ ပျက်စီးဆုံးရှုံးကာ ပြည်သူများမှာ မိသားစုစားဝတ်နေရေနှင့်သားသမီးတွေ ပညာသင်ကြားရေးတို့အတွက် စိုးရိမ်နေကြရသည်။

“ကလေးကို ဘော်ဒါဆောင်မှာထားမလို့ စီစဥ်ထားတာ ၊ ခုအိမ်က လေနှင့်ပါသွားပြီ ၊ လယ်မြေက ဆားဝင်သွားတော့ စပါးစိုက်မရတော့ဘူး၊ ရှိတဲ့ငွေကို နေစရာ အိမ်ဆောက်လိုက်ရတာ၊ မိုးကရွာတော့မှာ ၊ကလေးကို ဘော်ဒါဆောင်ထားစရိတ် မတတ်နိုင်တော့ဘူး” ဟုဒေါ် မအေးစိန်က ပြောသည်။

ရခိုင်တွင် ယနေ့ ဇွန်လ ၁ရက်နေ့ မနက်ကစပြီး ကျောင်းများကို စတင်ဖွင့်လှစ်သော်လည်း ကျောင်အများစုမှာ မုန်တိုင်းဒဏ်ကြောင့် ပြိုပျက်စီးနေပြီး စာသင်ကြားရန် မဖြစ်နိုင်ကြောင်း ၊ပညာရေးဌာနက မဖွင့်မနေရဖွင့်ခိုင်းသဖြင့် ဖွင့်နေကြရသည်ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

“ခုဟာက မဖွင့်မနေရဖွင့်နေကြရတာ၊ ကျောင်းတွေက ခေါင်မိုးတွေပျက်စီးနေတာ ၊ မပြုပြင်ရသေးဘူး၊ ဘယ်လိုလုပ်စာပြရမလဲ ၊ နေပူရင်နေပူမှာဘဲ မိုးရွာရင်လည်း မိုးမိမှာဟု “အမည်မဖော်လ်ိုသူ ပညာရေးဝန်ထမ်းတစ်ဦးက ABN ကိုပြောသည်။

မုန်တိုင်းကြောင့် ရခိုင်တွင် ပြည်သူ ၁၁သိန်းကျော်မှာ အိုးအိမ်များနှင့် လယ်ယာ ဥယာဥ်ခြံမြေများ ပျက်စီးဆုံးရှုံးကာ မိသားစုစားဝတ်နေရေးနှင့် သားသမီးများ ပညာသင်ကြားရေးတို့အတွက် အခက်အခဲများဖြစ်နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ