Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အင်အားအလွန်ကောင်းသည့် မိုခါ (MOCHA)ဆိုင်ကလုန်းမုန်တိုင်း စစ်တွေမြို့မှ ရေမိုင် ၄၀၀ ကျော်ခန့်တွင် ဗဟိုပြုရောက်ရှိနေ

အင်အားအလွန်ကောင်းသည့် မိုခါ (MOCHA)ဆိုင်ကလုန်းမုန်တိုင်း စစ်တွေမြို့မှ ရေမိုင် ၄၀၀ ကျော်ခန့်တွင် ဗဟိုပြုရောက်ရှိနေ

ABN-မေအိအိအောင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းသည် လက်ရှိ အချိန်တွင် ရခိုင်ပြည် စစ်တွေမြို့၏ ရေမိုင် ၄၀၀ ကျော် ခန့်တွင် ဗဟိုပြုရောက်ရှိနေကြောင်း ယနေ့ နေ့လယ် ၂ နာရီတွင် မိုးဇလ ကထုတ်ပြန်သည်။

အဆိုပါ အားကောင်းသည့် ဆိုင်ကလုန်း မိုခါ မုန်တိုင်းမှာ ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၂၀ ခန့်အကွာတွင် ဗဟိုပြုနေကြောင်း မိုးဇလ ထုတ်ပြန်ခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် မိုခါ(MOCHA) ဆိုင်ကလုန်း မုန်တိုင်းမှာ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၇၀ ခန့်တွင် ဗဟိုပြုဝင်ရောက်နေပြီဖြစ်ကြောင်း ယနေ့ ၁၂ နာရီ ၃၀ မိနစ် တိုင်းတာချက်အရသိရသည်။

ယင်းအပြင် ဆိုင်ကလုန်း မုန်တိုင်းမှာ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Coxs Bazar) ၊မြန်မာနိုင်ငံ၊ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ နှင့် စစ်တွေ မြို့တို့အနီးမှ ဖြတ်သန်းဝင်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

လက်ရှိအခြေအနေအရ မုန်တိုင်းအဆင့်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၇၅ မိုင်မှ ၈၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာပြည်ရှိ ရခိုင်ပြည်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့မှာ မုန်တိုင်းဒဏ်ကို အဓိကတိုက်ရိုက်ခံရနိုင်ကြောင်း နှင့် မေလ ၁၆ ရက် နေ့တွင် ကချင်ပြည်နယ်မှ တစ်ဆင့် လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြင့် အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်းကို BBC သတင်းအရသိရသည်။

မုန်တိုင်းဝင်ရောက်မှုနှင့် ပတ်သက်၍ ပင်လယ်ကမ်းရိုးတန်းအနီးအနားရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် အရေးကြီးသော စာရွက်စာတမ်းပစ္စည်းများကိုလုံခြုံသော နေရာများတွင် သေသေချာချာ သိမ်းဆည်းရန် နှင့် ရေမတက်နိုင်သည့် ကုန်းမြင့်ဒေသများ သို့ ပြောင်းရွေ့ရန် HDCO မှ တိုက်တွန်းပြောကြားထားသည်။

လက်ရှိတွင် ရခိုင်ပြည်ရှိ မြေပုံမြို့နှင့် ပေါက်တောမြို့များမှ ပြည်သူများမှာ မုန်တိုင်းဘေးရှောင်ရန် နီးစပ်ရာ ကုန်းမြင့်ဒေသကျေးရွာများသို့ ပြောင်းရွှေ့နေကြောင်းသိရသည်။

ရခိုင်တွင် ယနေ့မနက်ပိုင်းက လေအနည်းငယ်တိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး မိုးပေါက်ငယ်များ ကျခဲ့မှုရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ