သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အငူမော်မှ ဘူးသီးတောင်၊မောင်တောသို့သွားရာ ကားလမ်း ပြန်ဖွင့်

ရခိုင်ပြည်တွင် စစ်ကောင်စီမှပိတ်ဆို့ထားသော ရသေ့တောင်မြို့နယ် အငူမော်မှ ဘူးသီးတောင်၊မောင်တော သို့သွားသည့် ကားလမ်းများကို ယနေ့ ဒီဇင်ဘာ ၄ရက် နံနက် ၇နာရီကျော်ခန့်က ပြန်ဖွင့်ပေးကြောင်းသိသည်။

ထိုလမ်းမှာ စစ်တွေမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဖက်သို့ သွားသည့် အဓိက ကုန်းလမ်းကြောင်းဖြစ်သည်။

ယင်းတွင် စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်တို့ နိုဝင်ဘာ ၂၆နေ့ရက်က လူသားချင်းစာနာထောက်ထားမူဆိုင်ရာယာယီအပစ်ခတ်ရပ်စဲပြီးနောက် စစ်ကောင်စီဖက်က အငူမော်မှ ဘူးသီးတောင်၊ မောင်တောသို့သွားရာ ကားလမ်းကို နိုဝင်ဘာ ၂၈ ရက်နေ့ကဖွင့်ပေးခဲ့သော်လည်း နှစ်ရက်အကြာတွင် ပြန်လည်းပိတ်ထားခဲ့သည်။

“ဟုတ်ပါတယ် သူတို့က လမ်းများကို နိုဝင်ဘာ ၂၈နေ့ကဖွင့်ပေးခဲ့ပါတယ်၊သို့ပေမဲ့ နိုဝင်ဘာ ၃၀မှာ ပြန်ပိတ်ထားခဲ့ပါတယ်၊ပြီးတော့မှ ဒီနေ့ ဒီဇင်ဘာ ၄ ရက် နံနက် ၇နာရီလောကျမှာ ပြန်ဖွင့်ပေးထာပါ” ဟုပြောသည်။

နောက်ထပ် စစ်ကောင်စီမှ ၄လအကြာပိတ်ထားသော ကျောက်တော်-ပလက်ဝသို့သွားရာ ရေကြောင်း လမ်းကို ယမန်နေ့ကဖွင့်ပေးခဲ့ပြီး ပုဏ္ဏားကျွန်း-စစ်တွေကြား အဝေးပြေးလမ်းနှင့် စစ်တွေ ရေချမ်းပြင်- အငူမော် ရေကြောင်းလမ်းကိုလည်း ယမန်နေ့ ဒီဇင်ဘာ ၃ရက်နေ့ကပြန်လည်းဖွင့်ပေးခဲ့ကြောင်းသိရသည်။

အငူမော်မှ ဘူးသီးတောင်၊မောင်တောသို့သွားရာ ကားလမ်း ပြန်ဖွင့်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ
ဘူသီးတောင်မြို့နယ် ၊ ဆင်စွယ်ရကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့က လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး၊ နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၊ နေအိမ်၂ ဆောင်မီးလောင်ပျက်စီး