Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အငူမော်ဆိပ်ကမ်းတွင် ဝန်ထုတ်ချသည့် သံဇကာပျက်စီးနေသည့်အတွက် ပြုပြင်ရန်လိုအပ်​နေ

AB News-ဟိန်းထွန်း

အောက်တိုဘာ ၃ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် မိုခါကြောင့်ပျက်စီးသွားခဲ့သည့် အငူမော်ဆိပ်ကမ်းတွင် ခရီးသွားသွားပြည်သူများ ဝန်ထုတ်များကို တင်ချရန် ပြုလုပ်ထားသည့် ဆိပ်ကမ်း ဒေသအခေါ်( ဖောင်တော် ဆိပ် ) ပျက်စီးနေသည့်အတွက် ပြန်လည်ပြုပြင်ရန်လိုအပ်နေသည်ကိုတွေ့ရသည်။

ရေးချမ်းပြင်-အငူမောင်ဆိပ်ကမ်းသည် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဖက်သို့ အဓိက ကုန်စည်စီးဆင်းရာ တံတားတစ်ခုဖြစ်သည်။

ကုန်ပစ္စည်းများအပါအဝင် သက်ကြီးရွယ်အို၊ ဆိုင်ကယ်များအတင်အချပြုလုပ်ရာတွင်ခက်ခဲမှုရှိနေခြင်း၊ အသက်အန္တရာယ်ပင် ရှိနေသည့်အတွက် ​ပြန်လည်​ပြုပြင်ရန် အမြန်ဆုံးလိုအပ်နေကြောင်း

​ရေချမ်းပြင်-အငူမော် လိုင်းဘုတ်ပြေးဆွဲနေသူ ဦး မောင်မြင့်ဇော်က ABN သို့ ပြောသည်။

“ကုန်ပစ္စည်းတွေအပါအဝင် တစ်ချို့သက်ကြီးရွယ်အိုတွေ၊ ဆိုင်ကယ်တွေ ကို ဆိပ်ကမ်းပေါ်တင်ရာမှာလည်း အခက်အခဲတွေရှိတယ်၊ အသက်အန္တရာယ်လည်းဖြစ်နိုင်တယ်” ဟု ဆိုသည်။

မြို့ခံပြည်သူများနှင့် အနီးအနားရှိရွာများမှ ဒေသခံအချို့သည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအစရှိသည့် အစစအရာရာအားလုံးကို မှီခိုအားထားနေရသည့် ဆိပ်ကမ်း ( ဖောင်တော်ဆိပ် )တစ်ခုဖြစ်သည့်အတွက် အမြန်ဆုံးပြုပြင်ရန်လိုအပ်နေကြောင်း ဘုတ်သမားများပြောပြချက်အရ သိရသည်။

ဒေသခံပြည်သူများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ညအချိန် မတော်တဆ နေမကောင်းဖြစ်ပြီး ရသေ့တောင်ဖြစ်စေ၊ စစ်တွေဖြစ်စေ ဆေးကုသမှုခံရန်ယူသွားသည်ရှိသော် ဆိမ်ကမ်းပျက်စီးနေသည့်အတွက် မသွားဝံ့ဘဲရှိနေခြင်း၊ ချော်လဲသွားမည်စိုးရိမ်နေကြကြောင်း အငူမော်က အမျိုးသမီးတစ်ဦးက ပြောသည်။

“ညအချိန်မှာ ကျန်းမာရေးပြဿနာတစ်ခုခုဆိုရင် ဆေးရုံတွေကိုသွားဖို့ ပြည်သူတွေလည်းအခက်တွေ့တယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေဆိုပိုလို့သတိထားရတယ်၊ ဆိပ်ကမ်းကအများကြီးပျက်စီးနေတော့ မသွားဝံ့ဘူးဖြစ်နေတယ်၊ ချော်လဲသွားဖို့များတယ် “ဟု ဆိုသည်။

ရေချမ်းပြင်-အငူမော်သို့ လိုင်းဆွဲသည့်ဘုတ်များ တစ်နေ့မှာ ၃ ကြိမ်ထက်မနည်းသွားလာနေရသည့်အတွက် အိမ်သို့မိုးချုပ်မှရောက်လာခြင်းများလည်းရှိနေကြ​သည့်ကြောင့် ၎င်းဆိပ်ကမ်းပေါ်သို့ မတက်ဝံ့ဘဲရှိနေခြင်း၊ ဆိပ်ကမ်းဘေးနားမှ တက်နေရပြီး အခက်အခဲများ တွေ့နေရကာ အမြန်ဆုံးပြုပြင်ရန်လိုအပ်နေသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အားအလွန်ကောင်းသည့် မိုခါဆိုင်ကလုန်းမုန်းတိုင်း၏​ ဒီရေလှိုင်းတိုက်စားသွားမှုကြောင့် ဆိပ်ကမ်း၌ သံနှင့်ကွန်ကရစ်အားလုံး ပျက်စီးသွားခဲ့ကာ အပေါက်များအကွင်းကြီးပေါ်လွင်နေကြောင်း တွေ့ရသည်။

၎င်းဆိပ်ကမ်းကိုပြန်လည်ပြုပြင်ရန်အတွက်သက်ဆိုင်တာဝန်ရှိသူများ၊ မြေတိုင်းစာရေးများ နှင့် အင်ဂျင်နီယာများက ကွင်းဆင်းလေ့လာ တိုင်းတာမှုရှိခဲ့သော်လည်း လက်ရှိအချိန်အထိ အကောင်အထည်မဖော်နိုင်သေးကြောင်းတွေ့ရသည်။

ဓာတ်ပုံ-AB News/ဟိန်းထွန်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ