Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အချုပ်ခန်းထဲ၌ ဖမ်းဆီးထားသည့် သံသယတရားခံ ၉ ဦးအား စစ်ကောင်စီ သေနတ်ဖြင့် ပစ်သတ်ကာ အလောင်းဖျောက်

အချုပ်ခန်းထဲ၌ ဖမ်းဆီးထားသည့် သံသယတရားခံ ၉ ဦးအား စစ်ကောင်စီ သေနတ်ဖြင့် ပစ်သတ်ကာ အလောင်းဖျောက်

AB News-ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄

ရက္ခိုင်တွင် အချုပ်ခန်းထဲ၌ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင်ထားသည့် သံသယတရားခံ ၉ ဦးအား အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအဖွဲ့က သေနတ်ဖြင့် မသေမချင်းပစ်သတ်ကာ အလောင်းဖျောက်ထားခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်လိုက်သည်။

ပစ်သတ်ခံရသူများမှာ ကိုရင်ဆို့၊ ကိုဖိုးသီဟတို့အပါအဝင် ၉ ဦးဖြစ်ပြီး မြောက်ဦးမှ

(၁) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့
(၂) သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ
(၃) ကိုကျော်သိန်းလှိုင်
(၄) ကိုကျော်ဝင်းလှိုင်
(၅) ကိုကိုညွန့်
(၆) ကိုဝင်းနိုင်
(၇) ကိုပြည့်စုံဝင်း တို့ (၇) ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်နေ့၊ နေ့လယ် (၂) နာရီခန့်အချိန်တွင် အဆိုပါ မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်း အချုပ်ခန်းထဲ၌ ရက်ရက်စက်စက် မသေမချင်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်းများအား မြောက်ဦးမြို့ဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြသည်။

ထို့အပြင် မင်းပြားအခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည်လည်း လုပ်ကြံစွပ်စွဲချက်မျိုးစုံဖြင့် ပုဒ်မအမျိုးမျိုးတပ်ကာ ၎င်းတို့ မတရားဖမ်းဆီး ချုပ်နှောင်ထားသော ရသေ့တောင်မြို့နယ်မှ ကိုညီညီအောင် (ခ) အောင်ဇော်ဝင်း နှင့် မင်းပြားမြို့နယ်မှ ဦးကျော်ညွန့် တို့ (၂) ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊  ညနေ (၃) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် ခမရ (၃၇၉) အချုပ်ခန်းထဲ၌ မသေမချင်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်ဟု AA ထုတ်ပြန်သည်။

စစ်ရာဇဝတ်မှုကျူးလွန်သူများအား ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမည်ဖြစ်ပြီး ကျူးလွန်ခံရသောကာယကံရှင် နှင့် မိသားစုများအတွက် တရားမျှတမှုရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားပါမည်ဟု ဆက်လက် ပြောထားသည်။

“မိမိတို့ အာရက္ခပြည်သူ့အစိုးရအနေဖြင့် အဆိုပါစစ်ရာဇဝတ်မှုကျူးလွန်သူများအား ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမည်ဖြစ်ပြီး ကျူးလွန်ခံရသောကာယကံရှင် နှင့် မိသားစုများအတွက် တရားမျှတမှုရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားပါမည်” ဟုပြောသည်။

စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်တွင်သာမက မြန်မာပြည်အနှံ့တွင်လည်း ဖမ်းဆီးရသည့် အရပ်သားပြည်သူများနှင့် စစ်သုံ့ပန်းများအား ရက်စက်စွာ မီးရှို့သတ်ဖြတ်မှု၊ သေနတ်ဖြင့် ပစ်သတ်မှုများကို လက်ရဲ ဇက်ရဲ ပြုလုပ်လျက်ရှိသည်။

Website
www.arakanbaynews.com 
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ