Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက် စစ်ကောင်စီ ထောင်ထားသည့်မိုင်းကိုနင်းမိ၍ ရသေ့တောင်မြို့နယ်မှ အမျိုးသား တစ်ဦး၏ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွား

AB News- ဇန်နဝါရီ ၁၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီက ထောင်ထားသည့်မိုင်းကို နင်းမိ၍ ယနေ့ ဇန်နဝါရီ ၁ရက် ၃ နာရီဝန်းကျင်ခန့်တွင် ရသေ့တောင်မြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာမှ အမျိုးသား ၁ ဦး၏ဘယ်ဖက်ခြေထောက်ဒူရင်းမှနေ၍ လုံးဝပြတ်ထွက်သွားကြောင်း တွေ့ရသည်။

ခြေထောက်ပြတ်ထွက်ပြင်းထန်ဒဏ်ရာ ရရှိခဲ့သူမှာ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှ ဦးအောင်ဘသာ၏ သား ဦးကိုးလ ခေါ် ဦးဘတင်ဝင်း အသက် ၅၅ နှစ်ဖြစ်သည်။

၎င်းမှာ ကျောက်ပြင်ဆိပ်ဘုန်းတော်ကြီး​ကျောင်းအနီးတွင် နွားကျောင်းနေစဥ် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ခမရ ၅၃၈ တပ်ရင်းမှ ထောင်ထားသည့်မိုင်းကိုနင်းမိ၍ ဦးကိုးလ၏ ဘယ်ဘက်ခြေထောက်ပြတ်သွားခဲ့​ပြီး ဒဏ်ရာမှာလည်းပြင်းထန်ကြောင်း ကျေးရွာသား ၁ ဦးကပြောသည်။

“ကျ​​နော်တို့ ဘုန်ကြီးကျောင်းနား ပေါက်ကွဲသံတစ်ခုကြားတော့ သွားကြည့်ကြတာ ဦး​ကိုးလ မိုင်းနင်းမိပြီး ​သွေးအိုင်ထဲမှာ ခြေထောက်ပြတ် လဲနေတာကို တွေ့တာပဲ။ သူ့ကို ဝိုင်းသယ်ကြတယ်။ ဒဏ်ရာကတော့အရမ်းပြင်းပါတယ်” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာများအနီး အရပ်သားပြဘ်သူများ နေ့စဥ် သွားလာနေသည့် နေရာများတွင် ဗုံးထောင်၊ မိုင်းထောင် လုပ်လာသည်များရှိသည်။

၎င်းကဲ့သို့လုပ်ဆောင်ထားခြင်းကြောင့် ဒီဇင်ဘာလ ၂၅ရက်နေ့ကလည်း မင်းပြားမြို့နယ်မှ အမျိုးသား ၁ဦးမှာ မိုင်းနင်းမ၍ ခြေပြတ်သွားခဲ့သည်။

လက်ရှိတွင် ခြေပြတ်သွားသူ ဦးကိုးလကို ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ