Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး ကျောက်တော်နယ် မျောက်တောင်ရွာမှ ရွာသား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

AB News ဇန်နဝါရီ ၂၊ ၂၀၂၄

ယနေ့ ဇန်နဝါရီ ၂ ရက်နေ့တွင် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီအဖွဲ့၏ ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိ ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်၍ ကျောက်တော်မြို့နယ် မျောက်တောင်ရွာမှ ဒေသခံ ၁ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ နေ့လည်အချိန်ခန့်တွင် ကျောက်တော်မြို့အခြေစိုက် တပ်ရင်းများမှ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာ သို့ လက်နက်ကြီးများဖြင့် အဆက်မ​ပြတ် ပစ်ခတ်ခဲ့သောကြောင့် မျောက်တောင်ကျေးရွာမှ ဒေသခံ ၁ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ ညနေ ၃နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီ အဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိ၍ မျောက်တောင်ကျေးရွာမှ ဖခင်ဦးမောင်ငယ်၏သား မောင်ဗြား ၂၂နှစ်မှာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လည် ၂နာရီခွဲအချိန်ခန့်က ဖခင် ဦးမင်းမင်းထွန်း နှင့် မိခင် မာမာဝင်း၏ သားမောင်ဉာဏ်ဟိန်း အသက် ၃နှစ်မှာ ကျောကုန်းတွင် လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး၊ ဖခင် ဦးမောင်သိန်းညွန့်၏ သမီး ဒေါ်ဌေးဌေး အသက် ၃၉နှစ်မှာ တံတောင်ဆစ်အောက်နှင့် ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဖခင်ဦးထွန်းမောင်၏သမီး ဒေါ်ဦးညွန့်စိန်၏ ဒူးဆစ်အောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် နေ့လည် ၁ နာရီခန့်က ဦးလှထွန်းကျော်၏သား ဦးကျော်သန်းနိုင် အသက် ၃၁နှစ်မှာ ပခုံးတွင်ဒဏ်ရာရရှိခဲ့ပြီး၊ ဒေါ်လှနုယဥ် အသက် ၄၂နှစ် နှင့် ဒေါ်ဗြားမ အသက် ၆၈နှစ်တို့မှာ ဘယ်ဖက် တံတောင်ဆစ်အောက်၌ ဒဏ်ရာရရှိခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်ကောင်စီက ပြည်သူများအ​ပေါ်ရည်ရွယ်ချက်ရှိရှိ တိုက်ပွဲနှင့်မသက်ဆိုင်သော မျောက်တောင်ကျေးရွာအားအဆက်မပြတ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လက်နက်ကြီးအပစ်ရပ်ချိန်မှ လူနာများအား စုစည်း၍ ဆေးကုသပေးရသည်ဟု ဒေသခံရွာသား ၁ဦးကပြောသည်။

“လက်နက်ကြီးတွေက အဆက်မပြတ်ပစ်နေတော့ တစ်ယောက်ကိုတစ်ယောက် ထွက်မကြည့်နိုင်ဘူး။ လက်နက်ကြီးပစ်တာတွေတန့်မှ လူနာတွေပြောင်းရွေ့ပြီး ဆေးတင်ရတယ်။ လူတွေစစ်ဆေးရတယ်။ ၁ဦးကတော့ ဂွင်တိုင်းသေသွားတယ်။ ကျန်၃ဦးကတော့ ဒဏ်ရာတွေနဲ့တွေ့တာ” ဟုဆိုသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူ များအား ဆေးကုသရန် မြို့သို့ ယူဆောင်ရန် အခက်အခဲရှိနေသည့်အတွက် ကျေးရွာရှိ ဆေးဆရာမှ ရှိသည့်ဆေးအနည်းငယ်ဖြင့် ဆေးကုသပေးထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ