Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီအဖွဲ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး ကျောက်တော်မြိုနယ် အပေါက်ဝကျေးရွာမှ ရွာသား ၁ဦးသေ၊ ၁ ဦးဒဏ်ရာရ

AB News – ဇန်နဝါရီ ၁၀၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီ၏ ကံဇောက်အမြောက်တပ် ၃၇၇ ကပစ်ခတ်သော လက်နက်ကြီးကျည်စထိမှန်ပြီး ရက္ခိုင်ပြည် ကျောက်တော်မြိုနယ် အပေါက်ဝကျေးရွာမှ ရွာသား ၁ဦးသေဆုံးပြီး ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယနေ့ ဇန်နဝါရီလ ၁၀ရက် နံနက် ၄နာရီ ခွဲအချိန်တွင် ကျောက်တော်မြိုနယ်၌ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ ကံဇောက်တောင် အမြောက်တပ် ၃၇၇ မှပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကျောက်တော်မြိုနယ် အပေါက်ဝကျေးရွာတွင် ကျရောက်ပြီး အမျိုးသား ၁ဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ကျန် ၁ဦးမှ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

ကျောက်တော်မြိုနယ် အပေါက်ဝကျေးရွာမှ  ဦးဒက်မောင် အသက် ၄၈နှစ်မှာ နေရာ၌ ပွဲချင်းပြီးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ ဦးအထွန်းချေ ၇၅နှစ်မှာလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟုဒေသခံ ၁ဦးကပြောသည်။

” တိုက်ပွဲတစုံတရာဖြစ်သံတွဲလဲမကြားဘူး။ လက်နက်ကြီးတွေနဲ့ဘဲ ရွာတွေကို လှမ်းပစ်နေတာ ရွာထဲမှာကျတော့ ၁ဦးကပွဲချင်းပြီး သေသွားပြီး ကျန်၁ဦးမှာလည်း ဒဏ်ရာပြင်းတယ်ဟုဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ရက် ညနေ ၅နာရီအချိန်ခန့်တွင် မြောက်ဦးမြို ၅၄၀ တပ်ရင်းမှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် မြောက်ဦးမြို ဆင်ချဆိပ်ရပ်ကွက်မှ သက်ကြီးပိုင်း ၁ဦးသေဆုံးပြီး ၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ထိုအပြင် မြောက်ဦးမှ အရပ်သားပြည်သူ ၃ ဦးကိုလည်း လက်နက်ငယ်ဖြင့် ပစ်သတ်သွားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ