Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီအဖွဲ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန် ပြီး ကျောက်တော်မြိုနယ် အပေါက်ဝကျေးရွာမှ ဒဏ်ရာအပြင်းအထန်ရရှိသူ သေဆုံး

အကြမ်းဖက်စစ်ကောင်စီအဖွဲ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန် ပြီး ကျောက်တော်မြိုနယ် အပေါက်ဝကျေးရွာမှ ဒဏ်ရာအပြင်းအထန်ရရှိသူ သေဆုံး

AB News – ဇန်နဝါရီ ၁၀၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီအဖွဲ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး ကျောက်တော်မြိုနယ် အပေါက်ဝကျေးရွာမှ ဒဏ်ရာအပြင်းအထန်ရရှိသူ ဆေးကုသနေစဥ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ အရုဏ် ၄နာရီအချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီအခြေစိုက် ကန်ဇောက်တောင် အမြောက်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ ကျောက်တော်မြိုနယ် အပေါက်ဝကျေးရွာတွင် ကျရောက်ပေါက်ကွဲ၍ ဦးအဒက်ချေ ၃၅နှစ်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဦးအထွန်းချေ အသက် ၆၅နှစ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိကာ ကျောက်တော်မြိုဆေးရုံတွင် ဆေးကုသနေချိန် ထပ်မံသေဆုံးခဲ့ကြောင်းသိရှိရသည်။

လက်ရှိတွင် မင်းပြားနှင့် မြောက်ဦးတိုတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး အခြေစိုက် တပ်ရင်းများမှ အရပ်သားပြည်သူများနေထိုင်ရာဒေသများသို လက်နက်ကြီးများ တရစပ်ပစ်ခတ်လျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ