Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီအဖွဲပစ်ခတ်သည့်လက်နက်ကြီးကျည်စထိမှန်ပြီး မင်းပြားမြိုမှ အမျိုးသား ၁ဦး အပြင်းအထန်ဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီအဖွဲပစ်ခတ်သည့်လက်နက်ကြီးကျည်စထိမှန်ပြီး မင်းပြားမြိုမှ အမျိုးသား ၁ဦး အပြင်းအထန်ဒဏ်ရာရ

AB News- ဇန်နဝါရီ ၁၀၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီအဖွဲမှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး မင်းပြားမြိုထဲမှ အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဒဏ်ရာရရှိသူမှာ မင်းပြားမြို၊ ပြည်တော်လှရပ်ကွက်၊ အောင်သစ္စာလမ်းမှ ဦးကျော်ထွန်းအောင် အသက် ၅၃နှစ်ဖြစ်ပြီး ၎င်း၏ အိမ်ရှေ့လမ်းတွင် ကျည်ကျပေါက်ကွဲကာ ဘေးစပွင့်ထွက်သည့် ဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟုသိရသည်။

ယနေ့ ဇန်နဝါရီလ ၁၀ရက် နံနက် ၇နာရီအချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီအဖွဲမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ရက် ညဥ့် ၁၁နာရီ အချိန်ခန့်မှစ၍ စစ်ကောင်စီတပ် စကခ ၉ လက်အောက်ခံ မင်းပြားအခြေစိုက်တပ်ရင်းများဖြစ်သည့် ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းများနှင့် ရက္ခိုင့်တပ်တော်တို ၂ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

မင်းပြားတွင်း လက်ရှိအချိန်ထိ နှစ်ဖက် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

ယနေ့ အရုဏ်၄ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီအဖွဲမှ ပစ်ခတ်သောလက်နက်ကြီးကျည်စထိမှန်ပြီး ကျောက်တော်မြိုနယ်၊ အပေါက်ဝကျေးရွာမှ ၂ဦးသေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ