Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီက တောင်းဖူးတွင် အမျိုးသား ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်သွား

အကြမ်းဖက်စစ်ကောင်စီက တောင်းဖူးတွင် အမျိုးသား ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်သွား

AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီ အဖွဲက ပေါက်တောမြိုနယ် တောင်းဖူးရွာတွင် အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်သွားခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးသွားသူမှာ အသက် ၃၀ ကျော်အရွယ် ဦးမောင်ဆန်းဝင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စကစအဖွဲက  ယမန်နေ့ ဇန်နဝါရီလ ၁၁ရက်နေ့တွင် နေဗီ ၄ စီးဖြင့် ဝင်ရောက်မီးရှိစဥ် ရွာထဲတွင်တွေ့သည့်လူများကို လိုက်ဖမ်းပြီးနောက် ၎င်းကိုသေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စကစ အဖွဲဝင်များသည် တောင်းဖူးဘုန်းကြီးကျောင်းအနီးမှစပြီး မီးရှိခဲ့သည့်အတွက် ဒေသခံပြည်သူများ အသက်လုထွက်ပြေးခဲ့ရသည်။

တောင်ဖူးရွာ၏ကမ်းတစ်လျှောက်တွင် စကစရေတပ်နေဗီများအဆက်မပြတ်သွားလာနေသည့်အတွက် အထုတ်အပိုးထမ်းပြီး ထွက်ပြေးခဲ့ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက AB News သိုပြောသည်။

“ကျမတိုရွာအနီးက နေဗီတွေက နေ့တိုင်းသွားပါတယ်၊ မနေ့ညက ရွာကိုမီးရှိဖိုလာတော့ ကျမတိုလည်း အထုတ်တွေထမ်းပြီး ပြေးခဲ့ရတယ်၊ ၁ ယောက်ကိုတော့ သေနတ်နဲ့ပစ်သတ်သွားတယ်” ဟု ဆိုသည်။

ထိုအပြင် ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ညနေ ၃ နာရီကျော်တွင် ရေတပ်နေဗီရှိ အင်အား ၁၀ ကျော်ခန့်ရှိသော စကစအဖွဲက မင်းပြားမြိုထဲသိုဝင်ရောက်ပြီး ဒေသခံ ၄ ဦးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ပြီး အလောင်းများကို ကောက်ခွင့်မရရှိသေးကြောင်း သိရသည်။

ရှမ်းမြောက်နှင့် ရက္ခိုင်ဒေသအတွင်း အထိနာကျဆုံးပြီး နဖူးတွေ့၊ ဒူးတွေ့ အရှုးဖြင့်ရင်ဆိုင်နေရသော အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများကို အဓမ္မဖမ်းဆီးသတ်ဖြတ်လာခြင်း၊ ရပ်ရွာများကို ဝင်ရောက် မီးရှိခြင်း နှင့် ပြည်သူပိုင်ပစ္စည်းကို လုယူလာသည်များကို တွေ့ရသည်။

စစ်ရာဇဝတ်မှုများကို မျက်ဝါးထင်ထင်ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာကုန်း၊ စခန်းကုန်းများ၊ ဌာနဆိုင်ရာ စခန်းငယ်များ တစ်ခုမကျန် ရက္ခိုင့်တပ်တော်က အချိန်ကိုက် တစ်ရက်မပျက် ကြိုးပမ်းချေမှုန်းလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ