သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ကာကွယ်ရန် ပလက်ဝတွင် AA ခြင်ဆေးဖြန်း

AB News – သြဂုတ် ၁၇၊ ၂၀၂၅

ဒေဝီ

ပလက်ဝမြို့ရှိ ပလုပ်တောင် ရပ်ကွက်တွင် အာရက္ခတပ်တော် (AA) က သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါတို့ကို ကာကွယ်နိုင်ရန် ခြင်ဆေးများ လိုက်လံဖြန်းပေးခဲ့ကြောင်း AB News က စုံစမ်း သိရှိရသည်။

ပလက်ဝမြို့တွင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ အဖြစ်များနေ​သည့်အတွက် အာရက္ခတပ်တော်က ​ခြင်သတ်​ဆေးများဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ပလက်ဝမှာ သွေးလွန်တုတ်ကွေးနဲ့ ငှက်ဖျားတွေ အရမ်းဖြစ်နေတာ။ အခုလိုလာဖြန်းပေးတော့ ကျွန်တော်တို့အတွက် အသက်ကယ်ဆေးတစ်မျိုးပါပဲ” ဟု ဆိုသည်။

ယင်းအပြင် အာရက္ခတပ်တော် ထိန်းချုပ်ထားသော ပလက်ဝဒေသတွင် အုပ်ချုပ်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို တိုးတက်စေရန် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင်လည်း အာရက္ခတပ်တော် (AA) အပါအဝင်DELPS အဖွဲ့ဝင်များ၊ စစ်ဘက်ဆိုင်ရာဝန်ထမ်းများ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ နှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ လုပ်ဆောင်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျား (Aedes aegypti) ဟုခေါ်သော ခြင်အမျိုးအစားမှတစ်ဆင့် လူကို ကူးစက်​စေ​ပြီး ၎င်း​​ခြင်များသည် ရေကြည်ရေသန့်များဖြစ်သော ရေအိုး၊ ရေပုံး၊ ပန်းအိုးများထဲတွင် ပေါက်ပွားလေ့ရှိကြောင်း သိရသည်။

ငှက်ဖျားရောဂါမှာမူ ခြင်နား (Anopheles) ဟုခေါ်သော ခြင်အမျိုးအစားမှတစ်ဆင့် ကူးစက်ခြင်းဖြစ်​ပြီး ယင်းခြင်မျိုးစိတ်များသည် ရေညစ်ရေသန့်မရွေး နေရာအနှံ့အပြားတွင် ပေါက်ပွားနိုင်ကြကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ