Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သျှစ်သောင်းစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

ABN-ဟိန်းထွန်း

သြဂုတ် ၁၉ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ သျှစ်သောင်းစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ခံကပြောသည်။

၎င်းစခန်းတွင် ဆန်ရိက္ခာထောက်ပံ့မှုမရှိသည့်အတွက် စစ်ဘေးရှောင်များသည် ကိုယ်ထူကိုယ်ထဖြင့် ကြုံရာလုပ်ကိုင်နေကြရကြောင်း ABN မှတွေ့ရသည်။

စားဝတ်နေရေး ဖူလုံမှုမရှိသည့်အပြင် ကြုံရာလုပ်ကိုင်နေရသည့်စစ်ဘေးရှောင်များမှာလည်း တစ်ရက်တာလုပ်အားခ ဝင်ငွေနည်းပါးသောကြောင့် စားနပ်ရိက္ခာများလိုအပ်နေကြောင်း စခန်းတာဝန်ခံ ဦးမြသာထွန်းက ABN သို့ပြောသည်။

“စားဝတ်နေရေးကလည်းအဆင်မပြေပါဘူး၊ ကြုံရာလုပ်ကိုင်နေတဲ့ စစ်ဘေးရှောင်တွေမှာ တစ်ရက်တာလုပ်အားခရတဲ့ ပိုက်ဆံကလည်းနည်းပါတယ်၊ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်” ဟု ဆိုသည်။

၎င်းစခန်းတွင် အိမ်ထောင်စုအရေအတွက် ၅၉ စု၊ လူဦးရေ ၁၈၀ ခန့်ရှိပြီး နေရပ်ပြန်သွားသူများလည်းရှိကြောင်းသိရသည်။

လက်ရှိစစ်ဘေးရှောင်များမှာ ရွာဟောင်းတော၊ ပေါက်တောပြင်၊ တောင်ဦးစသည့်ရွာများမှဖြစ်သည်။

အလုပ်အကိုင်အဆင်မပြေလည်မှုကြောင့် သားသမီးများ စားဝတ်နေရေး၊ ကျန်းမာရေး နှင့် ပညာရေးများတွင်လည်း အစစအရာရာ အခက်အခဲကြုံနေရကြောင်း စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

“အလုပ်လက်မဲ့ဖြစ်နေပါတယ်၊ စားဝတ်နေရေးလည်းအဆင်မပြေဘူး၊ သားသမီးတွေ ပညာရေး နဲ့ကျန်းမာရေးတွေမှာ အားနည်းလာပါတယ်၊ အခက်အခဲတွေကြုံတွေ့နေရပါတယ်” ဟု ဆိုသည်။

ရခိုင်ရှိစစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာ၊ ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍများတွင်ပိုမို၍ ကူညီစောက်ရှောက်မှုပေးရန် စစ်ဘေးရှောင်များက လိုအပ်ကြောင်းပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ