Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲ -တောင်ကုတ်အဝေးပြေးလမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော် AAမှ မှိုင်းဆွဲတိုက်ခိုက်

နိုဝင်ဘာလ ၁ ရက်နေ့က ရခိုင်ပြည် တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ် ကြားတွင်ရှိသည့် သက္ကေပြင်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်AA တပ်ဖွဲ့ဝင်များက စစ်ကောင်စီ စစ်ကြောင်းတစ်ခုအား မှိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁၃ ဦးကျော်သေဆုံး သိရှိရသည်။

တပ်သား၃၀ခန့်ပါဝင်သည့် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုသည် နိုဝင်ဘာလ ၁ရက် မနက်ပိုင်းတွင် တောင်ကုတ်မှထွက်ခွာလာခဲ့ပြီး သံတွဲနှင့်တောင်ကုတ် အကြား သက္ကေပြင်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် AAမှမှိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၁၃ဦးကျော်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမှိုင်းခွဲမှုနှင့်ပတ်သတ်၍ သံတွဲ-တောင်ကုတ် အဝေးပြေးလမ်းမပေါ်တွင်ရှိသည့် သက္ကေပြင်ကျေးရွာနှင့်ရွာပကာရွာတို့တွင်နေထိုင်သည့် ရွာသားအချို့ထွက်ပြေးပုန်းရှောင်နေရပြီး ၎င်းကျေးရွာများသို့ စစ်ကောင်စီတပ်သားများဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင် ရက္ခိုင့်တပ်တော်AAတို့တိုက်ပွဲများအတွင်း အောက်တိုဘာလ၂၆ရင်နေ့မှ ၃၁ရက်နေ့အထိ စစ်ကောင်စီဘက်မှ သေဆုံးသူ၂၄ဦးနှင့် ဒဏ်ရာရသူ၂၆ဦးကျော်ရှိသည်ဟု ရက္ခိုင့်တပ်တော်AAက နိုဝင်ဘာလ ၁ရက်နေ့ကထုတ်ပြန်ကြေညာခဲ့သည်။

သံတွဲ -တောင်ကုတ်အဝေးပြေးလမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော် AAမှ မှိုင်းဆွဲတိုက်ခိုက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ