သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲတွင် AA ထိုးစစ်ကြောင့် စစ်ကောင်စီ ရွှေလှေစစ်ကြောင်းမှ တပ်သား ၁၀၀ ကျော်ခန့်သေဆုံးဟု သိရ

ရက္ခိုင်ပြည်၊ သံတွဲ တွင် AA ထိုးစစ်ကြောင့် အကြမ်းဖက် စစ်ကောင်စီ ရွှေလှေစစ်ကြောင်းမှ တပ်သား ၁၀၀ ကျော်ခန့်သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ရွှေလှေ စစ်ကြောင်းကို ဦးဆောင်သည့် ခလရ ၅၅ တပ်ရင်းမှူး နေပြည်တော်သို့ထွက်ပြေးသွားပြီးနောက် လင်းသီရွာတွင် ကျန်ခဲ့သည့် စစ်ကောင်စီတပ်သား ၁၀၀ ခန့် ကို AA က ထိုးစစ်ဆင်တိုက်ခိုက်၍ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ခေါင်းဆောင်က ထွက်ပြေးသွားတော့ စစ်ကောင်စီတပ်သားတွေက ရွာထဲမှာ ပိတ်မိကျန်ခဲ့တယ်။ မူးရူးပြီး လက်နက်တွေနဲ့ သောင်းကျန်းနေတာ။ AA ကဝိုင်းရံပြီး တိုက်ခိုက်တာ ၁၀၀ ကျော်လောက်သေသွားတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတွေလည်း ရှိတယ် ” ဟုဆိုသည်။

AA ထိုးစစ်ကြောင့် စစ်ကောင်စီတပ်သားများအသေအပျောက်များခဲ့ပြီး ရွှေလှေတံတားကိုလည်း အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရွှေလှေဝန်းကျင်သို့ လေကြောင်းဖြင့် တရစပ်ပစ်ခတ်ခဲ့သည်။

အာရက္ခတပ်တော်သည် စစ်ကောင်စီတပ်သားများကို ရှင်းလင်းပြီးနောက် သံတွဲအနီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောသည်။

” ဒီအနီးမှာတိုက်ပွဲတွေမကြားရတော့ဘူး။ လက်နက်ကြီးပစ်သံတော့ကြားရတယ်။ သံတွဲဖက်ကို ဦးတည်သွားပြီ “ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း စစ်ကောင်စီက ရန်ကုန်၊ နေပြည်တော်သို့ ရွှေ့ပြောင်းထားပြီဖြစ်ကြောင်း ဒေသခံများထံမှတစ်ဆင့်သိရသည်။

သံတွဲတွင် စစ်ကောင်စီ၏ အထိုင်စခန်းများမှာ အံတော်၊ဆံတော်၊ နံတော်၊ ဗောဓိကုန်း၊ သူခိုးစမ်းတောင် နှင့် ငပလီအခြေစိုက် ခလရ အမှတ် ၅၅ ခြေလျင် တပ်ရင်း၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း၊ အမှတ် ၅၆၆ ခြေမြန် တပ်ရင်း ၊ ဧရာဝတီ ၃၆ တပ်ရင်း၊ ဗားဒေါင်းအဝင်/အထွက်ဂိတ် စစ်ဆေးရေးဂိတ် နှင့် ရဲစခန်းတို့ဖြစ်ကြောင်း သိရသည်။

သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကြည်း၊ရေ၊လေတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၆ ဦးထက်မနည်းသေဆုံးသွားခဲ့ပြီး ၂၀ နီးပါးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင်အာရက္ခတပ်တော်သည် မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားပြီး မြောက်ပိုင်းမှ ၂ မြို့နယ် တောင်းပိုင်မှ ၁ မြို့နယ်အား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။