Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သဲချောင်းရွာမှ ဖမ်းဆီးသွားသည့် လူ ၁၆ ဦး ထဲမှ ၁၅ ဦးပြန်လွတ်လာ၊ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံထားရဆဲ

သဲချောင်းရွာမှ ဖမ်းဆီးသွားသည့် လူ ၁၆ ဦး ထဲမှ ၁၅ ဦးပြန်လွတ်လာ၊ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံထားရဆဲ

AB News – နိုဝင်ဘာ ၂၇၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ် သဲချောင်းရွာမှ ဖမ်းဆီးသွားသည့် အရပ်သား ၁၆ ဦးထဲမှ ၁၅ ဦးကို စကစ မှ ပြန်လည်လွှတ်ပေးခဲ့ပြီး အုပ်ချုပ်ရေးမှူးကိုကား ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။

စစ်ကောင်စီသည် သဲချောင်းရွာမှ ဒေသခံများကို နိုဝင်ဘာလ ၂၅ ရက်နေ့က သေနတ် ၆ ချပ်ပစ်ဖောက်ပြီး ထောင်ကားအပါအဝင် ရဲကား ၂ စီးဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်။

၎င်းတို့သည် ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ညနေ ၆ နာရီ လောက်မှာ ပြန်လွတ်လာပါတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့တော့မသိပါဘူး ” ဟုဆိုသည်။

ထိုဖမ်းဆီးခံထားရဆဲ အုပ်ချုပ်ရေးမှူး ဦးစံမြကျော်ကိုလည်း ပြန်လည်လွှတ်မြောက်စေချင်ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ဖမ်းဆီးခဲ့ရသူများမှာ စစ်တွေမြို့နယ် သဲချောင်းရွာမှ အသက် ၆၀ နှစ်အရွယ် စကစခန့် အုပ်ချုပ်ရေးမှူး ဦးစံမြကျော်၊ အသက် ၂၅ နှစ်အရွယ် မောင်ထွန်းကျော်အောင်၊ အသက် ၂၆နှစ်အရွယ် မောင်ဝေယံစိုး၊ အသက် ၄၁ နှစ်အရွယ် ဦးမောင်သန်း၊ ဇော်ထွန်း၊ အောင်နိုင်ဦး၊ ကျော်နိုင်ဝင်း၊ အတု၊ အမည်မသိ သူ ၂ ဦး၊ မာရမာကြီး ၁ ဦးနှင့် မူဆလင် ၄ ဦး တို့ဖြစ်ကြသည်။

စစ်ကောင်စီသည် တောင်ကုတ်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း အပါအဝင် တစ်ခြားမြို့နယ်များမှ ဖမ်းဆီးထားသည့်သူများအား ယခုအချိန်ထိ ပြန်လည်လွှတ်ပေးမှုမရှိသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ