
ABN-ထက်မြတ်ခင်
ရခိုင်ပြည် ပေါက်တောမြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးမှူး ဒေါ်အုန်းတင်သည် ယနေ့ နံနက်က ရပ်ကွက်ရှိ သောက်သုံးရေကန်တွင် ရေနစ်မြုပ်၍ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူသည် ယနေ့ မတ်လ ၂၄ ရက် နံနက်ပိုင်းက ပေါက်တောမြို့ အလယ်ပိုင်းရပ်ကွက်ရှိ သောက်သုံးရေကန်တွင် ရေနစ်မြုပ်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အုန်းတင်မှာ အသက် ၅၇ နှစ်ရှိပြီဖြစ်ပြီး ပေါက်တောတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်သည်။
၎င်း၏ ရုပ်အလောင်းကို ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် တွေ့ရှိခဲ့ကြောင်း ပေါက်တော မီးသတ်အဖွဲ့ကပြောသည်။
လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ပေါက်တောမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ထားကြောင်းသိရသည်။
ဓာတ်ပုံ- ပေါက်တောမီးသတ်အဖွဲ့

