Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်၊ အလောင်းဖျောက်ခြင်းလုပ်ရပ်အား IMJA ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်၊ အလောင်းဖျောက်ခြင်းလုပ်ရပ်အား IMJA ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

AB News – ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသော သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟကို သတ်ဖြတ်၊ အလောင်းဖျောက်ခြင်းလုပ်ရပ်အား လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) က ယနေ့ ဖေဖော်ဝါရီလ ၂၄ရက်တွင် ကန့်ကွက်ရှုပ်ချခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ နှင့်အတူ ဖမ်းဆီးခံထားရသည့် အခြားအမျိုးသား ၆ဦးကို အာဏာသိမ်းစစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ သတင်းသမား ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၁၇၆ယောက်ကို ဖမ်းဆီးခဲ့သည်ဟု IMJA က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက သတင်းသမားများကို သတ်ဖြတ်မှုများ၊ ပစ်မှတ်ထားဖမ်းဆီးမှုများ ချက်ခြင်းရပ်တန့်ပြီး ဖမ်းဆီးထားသော သတင်းသမားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် IMJA က တိုက်တွန်းတောင်းဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြောက်ဦးမြို့မှ ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ အား အာဏာသိမ်း စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့်အတွက် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပေးရန်နှင့် တရားမျှတမှု အပြည့်အဝရရှိရန် အမေရိကန်နိုင်ငံ နယူယောက်အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က တောင်းဆိုခဲ့သည်။

“သတင်းထောက် မြတ်သူထွန်း အသတ်ခံရမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုပါတယ်” ဟု CPJ ၏ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin ကပြောဆိုခဲ့သည်။

CPJ ၏ ၂၀၂၃ စစ်တမ်းအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းထောက်များကို ဒုတိယအဆိုးဝါးဆုံး အကျဉ်းချနေသော နိုင်ငံလည်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဂျာနယ်လစ်များကို သတ်ဖြတ်လေ့ရှိပြီး လူသတ်မှုနှင့် ကင်းကွာလေ့ရှိသည့် နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် အဆင့် ၉ နေရာတွင် ရှိနေသည်ဟု CPJ ၏ နောက်ဆုံးထုတ်  Global Impunity Index ၌ဖော်ပြထားသည်ကို တွေ့ရှိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ