သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သတင်းတို

ရသေ့တောင်မြို့နယ် စစ်ကောင်စီ၏ ချိန်ခါလိန် နယ်ခြားစောင့် ရဲစခန်းအား ယနေ့မနက်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု ထုတ်ပြန်

AB News-နိုဝင်ဘာ ၁၄၊ ၂၀၂၃

ရခိုင်ပြည် ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလိန် နယ်ခြားစောင့် ရဲစခန်းအား ယနေ့မနက် ၇ နာရီခန့်က ရက္ခိုင့်တပ်တော်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“စစ်ကောင်စီ၏ ရက္ခိုင်ပြည်အခြေစိုက်ရသေ့တောင်၊ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းအား ယနေ့ ၂၀၂၃ နိုဝင်ဘာလ(၁၄) ရက်၊ နံနက်(၇) နာရီခန့်အချိန်၌ ရက္ခိုင့်တပ်တော်မှ နှစ်ရက်ကြာတိုက်ခိုက်မှုအပြီးတွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီးဖြစ်သည်။” ဟု ထုတ်ပြန်ထားသည်။

ယမန်နေ့က ဒုံးပိုက်စခန်းကိုလည်း အပြီးသတ် သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ