Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝါးတောင် စစ်ဘေးရှောင်စခန်းမှ အသည်းရောင်အသားဝါရောဂါဖြင့်ဆေးရုံတင်ထားရသည့် အဘွားအိုတစ်ဦး AB သွေး နှင့် ထောက်ပံ့ငွေလိုအပ်နေ

ABN-ကိုဟိန်းထွန်း

ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အလွန်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းမှ အသည်းရောင်အသားဝါရောဂါဖြင့် ဆေးကုသမှုခံယူနေရသည့် အဘွားအိုတစ်ဦးသည် AB သွေးအမျိုးအစားနှင့်ထောက်ပံ့ငွေ လိုအပ်နေသည်ဟုသိရသည်။

လူနာမှာ မလှဖြူ အသက် ၆၂ နှစ်ရွယ် မြိုလူမျိုးတစ်ဦးဖြစ်ပြီး ကျောက်တော်မြို့နယ် သလူချောင်းအုပ်စု ယိုးချောင်းဖျား ခမောင်းရွာမှ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် စစ်ဘေးရှောင်တစ်ဦးဖြစ်သည်။

AB သွေးအမျိုးအစားကို သွင်းရန်လိုအပ်နေသောကြောင့် စေတနာရှင်များအားလုံးကူညီပေးကြစေချင်ကြောင်း နှင့် ထောက်ပံ့ငွေလိုအပ်နေသည်ဟု ဆွေမျိုးတော်စပ်သူ ကိုနိုင်နိုင်က ABN ကိုပြောသည်။

“သွေးက AB သွေးအမျိုးအစားပါ၊ ကူညီနိုင်မယ့်သူရှိရင်ကူညီပေးစေချင်ပါတယ်၊ အဲဒီအဘွားအိုအတွက် ထောက်ပံ့ငွေလည်း လိုနေပါတယ်၊ငွေကြေးမတတ်နိုင်ဘူးဆိုတော့ အရမ်းကိုအခက်တွေ့နေရပါတယ်” ဟုဆိုသည်။

စစ်တွေ ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေရသည့်ကြောင့် ဆေးဝါးများအဆမတန်စျေးကြီးခြင်း၊ ကုန်ကျစရိတ်များကြီးခြင်းတို့အတွက် အစစအရာရာ ကူညီစေချင်ကြောင်း မြေးဖြစ်သူ အေးသန်းနုမှ ABN ကိုပြောသည်။

“ဆေးဝါးတွေကအရမ်းစျေးကြီးပါတယ်၊ ကုန်ကျစရိတ်လည်းများတော့ ပိုက်ဆံကမတတ်နိုင်ဘူး ၊ AB သွေးအမျိုးအစားဆိုတော့ ရှားပါးပါတယ်၊ စေတနာရှင်တွေအားလုံး ကူညီပေးစေချင်ပါတယ်” ဟု ဆိုသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၅၇ စုရှိပြီး၊ လူဦးရေ ကျား ၄၄၈ ဦး၊ မ ၄၄၅ စုစုပေါင်း ၈၉၃ ဦးရှိပြီး အများစုမှာ မြိုလူမျိုးများဖြစ်ကြသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များမှာ ကျောက်တော်မြို့နယ်မှ ခမောင်းရွာ၊ ကဘိရွာ၊ သိန်းချောင်းရွာ၊ တဲဝရွာ ၊ ပညာကြီးရွာ၊ င/စရိုင်းကိုင်းရွာ ၊ ကျောက်တန်းရွာ နှင့် လင်ကွိရွာတို့မှဖြစ်ကြသည်။

အဆိုပါစခန်းကိုတည်ဆောက်ခဲ့သည်မှာ ၅ နှစ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ဝါးတောင် စစ်ဘေးရှောင်စခန်းမှ အသည်းရောင်အသားဝါရောဂါဖြင့်ဆေးရုံတင်ထားရသည့် အဘွားအိုတစ်ဦး AB သွေး နှင့် ထောက်ပံ့ငွေလိုအပ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ