
ABN မေအိအိအောင်
လွတ်မြောက်နယ်မြေနှင့် စင်ပြိုင်အုပ်ချုပ်ရေး တည်ဆောက်မှု စသည့် တော်လှန်ရေးနှင့်ဆိုင်သော အကြောင်းအရာများကို ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က အမေးအဖြေ ဖြင့်ဟောပြောကြားသွားမည် ဟု သိရသည်။
အမေးအဖြေအစီစဉ်တွင် တော်လှန်ရေးတွင် လွတ်မြောက်နယ်မြေရှိထားခြင်းအပြင် ယင်းလွတ်မြောက်နယ်မြေအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် စင်ပြိုင်အုပ်ချုပ်ရေး တည်ထောင်နိုင်ခြင်းသည် တော်လှန်ရေးအတွက် မည်သို့မည်ပုံ အရေးပါ အထောက်အကူပြုကြောင်း ရှင်းပြသွားမည်ဖြစ်သည်။
အစီစဉ်ကို ယနေ့ ဧပြီလ ၄ ရက် ည ၇ နာရီအချိန်တွင် DVB ၊Mizzima၊ PVTV နှင့် Than Lwin Khat စသည့်သတင်းဌာနများအပါအဝင် ဗမာပြည်ရှိ သတင်းဌာန ၁၁ ခုမှ တိုက်ရိုက် live လွှင့်သွားမည်ဟုသိရသည်။
ယင်းအပြင် ကရင်နီတော်လှန်ရေး မည်သည့်အဆင့်ထိခရီးရောက်နေပြီဖြစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော် AA နှင့် KNDF တို့အကြား မဟာမိတ်ဆက်ဆံရေး အကြောင်းများကိုလည်း နားဆင်ရမည်ဖြစ်သည်ဟု သိရသည်။