သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လေးတောင်မြို့တွင် ကျောင်းသား ၂ ဦး ဖုန်းသုံးနေ စဥ် မိုးကြိုးပစ်ခံရပြီးသေဆုံး

ABN-မေ ၃၁ ရက်

ရခိုင်ပြည် ရမ်းဗြဲမြို့နယ် လေးတောင်မြို့နယ် ယနေ့ နေ့ခင်းက ကျောင်းသား ၂ ဦး ဖုန်းသုံးနေစဥ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူများမှာ လေးတောင်မြို့ အမှတ် ၁ ရပ်ကွက် နားဂါးရပ်နေ အဖ ဦးမောင်မဲ၏သားဖြစ်သူ ၈ တန်းကျောင်းသား မောင်လင်းလင်းထွန်းနှင့် ဦးကြံရွှေမောင်၏ သားဖြစ်သူ ၁၁ တန်းကျောင်းသား မောင်မြင့်မြတ်မောင်တို့ ဖြစ်ကြသည်။

၎င်းတို့ ၂ ဦးသည် ယနေ့ နေ့ခင်း ၁၂ နာရီကျော်ခန့်က ဦးမောင်မဲ၏ အိမ်တွင် ဖုန်းအားသွင်းလျက် ဂိမ်းကစားနေစဥ် မိုးကြီးပစ်ခံထိ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

ယနေ့ မွန်းတည့် ၁၂ နာရီခန့်မှစပြီး ရမ်းဗြဲမြို့နယ်ဖက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခြင်း၊ လျပ်စီးလက်ခြင်းများ အဆက်မပြတ် ဖြစ်ပေါ်ခဲ့ကြောင်း နောက်ထပ် ရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ မေလ ၃၀ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်တွင် မိုးကြိုးပစ်ခံထိ၍ ၁ ဦးသေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-မြတ်နိုးခင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ