Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လောက်ကိုင်သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ “ခွေးတစ်ကောင်၊ ကြောင်တမြီး” ပါမကျန် လက်နက်ချအလင်းဝင်၊ စုစုပေါင်း ၂၃၈၉ ဦး

လောက်ကိုင်သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ "ခွေးတစ်ကောင်၊ ကြောင်တမြီး" ပါမကျန် လက်နက်ချအလင်းဝင်၊ စုစုပေါင်း ၂၃၈၉ ဦး

AB News-ဇန်နဝါရီ ၆၊ ၂၀၂၄

ညီနောင်မဟာမိတ် ၃ ဖွဲ၏ ၁၀၂၇ စစ်ဆင်ရေးသည် ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့က ကိုးကန့် (လောက်ကိုင်) တခွင်လုံးကို အလုံးစုံတိုက်ခိုက် သိမ်းပိုက်လိုက်နိုင်ပြီး ထိုဒေသတဝိုက်ရှိ စစ်ကောင်စီအဖွဲ “ခွေးတစ်ကောင်၊ ကြောင်တမြီး” ပါမကျန် လက်နက်ချအလင်းဝင်ခဲ့ကာ စုစုပေါင်း အလင်းဝင်ရောက်သူ ၂၃၈၉ ဦးရှိကြောင်း ညီနောင် ၃ ဖွဲက ထုတ်ပြန်သည်။

“ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတိုမှ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်သည်။” ဟု ထုတ်ပြန်သည်။

စစ်ကောင်စီအဖွဲမှ လက်နက်ချအလင်းဝင်သူများထဲတွင် ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦး၊ အရာရှိ ၂၂၈ ဦးနှင့် ရဲဘော်မှ တခြားအဆင့်ရှိသူ ၁၈၉၅ ဦးအပြင် ပွိင့် (၂၀၂၂) ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း”  မှ စစ်ကောင်စီတပ်ဖွဲဝင် (၂၆၆) ဦးတို ပါဝင်ကြောင်း သိရသည်။

၎င်းအပြင် အလင်းဝင်သူများ၏ မိသားစုဝင် ၁၆၀၁ ဦးလည်းပါဝင်ပြီး ၎င်းတိုအားလုံးအား လုံခြုံသည့်နေရာနှင့် သွားလိုရာများသို ပိုဆောင်ထားပြီးဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာနိုင်ငံအနှံမှ အလင်းဝင်ရောက်လိုသည့် စကစအဖွဲသားများအနေဖြင့် အလင်းဝင်ရောက်လိုပါက ဆက်သွယ်နိုင်ကြောင်းလည်း ဖိတ်ခေါ်ထားသည်။

“ဆက်လက်၍လည်း ဤကဲ့သို သူများနည်းတူ မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရာ၌မဆို မိမိတိုထံ လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။”

စစ်ကောင်စီအဖွဲဝင်များ ဤကဲ့သို ပြည်သူ့ရင်ခွင်ထဲခုံလှုခြင်းမှာ စစိကောင်စီလက်ထက်တွင်  စစ်အာဏာရှင်အမြစ်ပြတ်ရေးပင်ဖြစ်သည်ဟု ဆိုထားသည်။

“ဤမြင်ကွင်းမှာ “မြန်မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်သည်။”

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ