Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လေပြင်းတိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် နေအိမ် ၁၅ဆောင်ပျက်စီး

ABN-ရှိုင်းမိုး

မတ်လ ၂၀ ရက် နေ့ ညနေ့ ၃နာရီကျော်အချိန်တွင် လေပြင်းတိုက်ခိုက်ခဲ့မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် လူနေအိမ် ၁၅ ဆောင် ပြိုကျပျက်စီးခဲ့သည်ဟုသိရသည်။

ပျက်စီးသွားသောလူနေအိမ်များမှာ ဦးလှဘော်စိန်၊ ဦးလှမောင်၊ ဦးကျော်မြင့်၊ မဆန်းဆန်းယဉ်၊ ဦးစိုးတိန်မောင်၊ ဦးထွန်းလှိုင်၊ ဦးအောင်သိန်းလှ၊ ဦးမောင်ညိုလှ၊ ဦးဘိုဟန်သာ၊ ဦးဦးလှမောင်၊ ဒေါ်ဟန်ယဉ်စိန်၊ ဦးဘိုသိန်း၊ဦးဝေလှအောင်၊ ဦးကျော်ကျော် စသည့်နေအိမ်ပိုင်ရှင်များဖြစ်ကြသည်။

“မနေ့ညက ၃ နာရီလောက်က စပြီးလေတိုက်တာပါ၊ မိုးလည်းနည်းနည်းရွာပါတယ်၊ လေကနည်းနည်းပြင်းတယ်၊ အိမ်တွေကလည်းသိပ်မကောင်းပါဘူး၊ ယာယီဆောက်ထားတာပါ” ဟုပြိုကျသွားသောနေအိမ်မှစစ်ဘေးရှောင်တစ်ဦးကပြောသည်။

ထိုစစ်ဘေးရှောင်စခန်းထဲမှ နေအိမ်များမှာ ပြုပြင်ရန်လိုအပ်နေကြပြီး၊ နေအိမ်များပြုပြင်ရန်အတွက် ငွေကြေးများလည်းလိုအပ်နေကြောင်းပြောသည်။

“မနေ့ကတိုက်ခတ်ခဲ့တဲ့လေက သိပ်အားပြင်းတာမဟုတ်ဘူး၊ ဒါတောင်မှ အိမ် ၁၅ ဆောင်ပါသွားတယ်၊ မိုးရာသီရောက်ရင် ဘယ်လိုနေရမလဲ၊ မိုးရာသီဆိုရင် အချိန်မရွှေးလေတိုက်နိုင်တယ်၊ အခုလိုအနေထားနှင့်ဆိုရင် အဆောင်တွေအားလုံးကိုပြန်လုပ်ရမယ်” ဟု နောက်ထပ်စစ်ဘေးရှောင်တစ်ဦးကဆိုသည်။

အဆိုပါ ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၇၇၈ ယောက်၊ အိမ်ထောင် စု ၁၇၈ စု၊ လူနေအိမ် ၁၇၈ ဆောင်ရှိပြီး၊ အဆောင်များကို ဝါးများနှင့်ပြုလုပ်ထားကာ ခေါင်းမိုးကိုတာပေါ်လင် များနှင့်မိုးထားသည်။

ဓာတ်ပုံ-APM

လေပြင်းတိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် နေအိမ် ၁၅ဆောင်ပျက်စီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ