Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူ ၁၀၀ ကျော်ရှိသည့် ကျောက်တော်မြို့ရှိ ရွှေကျောင်း စစ်ဘေးရှောင်စခန်းတွင် အိမ်သာ ၁ လုံးသာရှိ၊ အိမ်သာထပ်တိုးဆောက်လုပ်ပေးရန် တောင်းဆို

ABN-ဟိန်းထွန်း

သြဂုတ် ၁၄ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ဂစ္ဆပနဒီကမ်းတစ်လျှောက်ရှိသော ရွှေကျောင်း စစ်ဘေးဒုက္ခသည်စခန်းတွင် အိမ်သာနှင့် အဆောင်များတိုးချဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း စစ်ဘေးရှောင်များကပြောသည်။

ထိုစခန်းမှာ စစ်ဘေးရှောင်ဟောင်းများ နှင့် အသစ်များထပ်တိုးရောက်လာသည့်အတွက်ကြောင့် အိမ်သာများလိုအပ်နေသေးကြောင်းကိုလည်း ABN မှ ကွင်းဆင်းလေ့လာတွေ့ရှိရသည်။

စစ်ဘေးရှောင်များကို နေရာသုံးခုဖြင့် ခွဲထားရာတွင် လူဦးရေ ၁၀၀ ကျော်နေထိုင်သည့် စခန်းတစ်ခုတွင် အိမ်သာ ၃ လုံးသာရှိပြီး ၂ လုံးမှာ ပျက်စီးနေသောကြောင့် အသုံးပြု၍မရနိုင်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ABN သို့ပြောသည်။

“စစ်ဘေးရှောင်တွေကို ၃ နေရာခွဲထားပါတယ်၊ အဆောင်လည်း ကျဥ်းကျပ်တဲ့အတွက် နေရတာ အဆင်မပြေဘူး၊ ကျနော်တို့Campမှာ လူဦးရေ ၁၀၀ ကျော်ရှိပါတယ်၊ အိမ်သာက ၃ လုံးရှိပေမယ့်လည်း ၂ လုံးက အသုံးပြုလို့မရတော့ပါဘူး “ဟု ဆိုသည်။

၎င်းစခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၈၁ စု၊ လူဦးရေအရေအတွက်မှာ ကျား ၃၅၁ ဦး၊ မ ၃၉၁ဦးပေါင်း ၇၄၂ ဦးရှိကြောင်းတွေ့ရသည်။

အိမ်သာများသည် ခေါင်မိုးများပေါက်ပြဲနေသည့်အတွက်ကြောင့် မိုးရွာလျှင်အဆင်မပြေဖြစ်ခြင်းနှင့် အိမ်သာပိုက်ကျိုးပျက်နေသည်ကိုလည်းတွေ့ခဲ့ရသည်။

ရွှေကျောင်းဘုန်းကြီးအတွင်းနေထိုင်သည့် စစ်ဘေးရှောင်မှာ အခန်းများကို လိုက်ကာခွဲထားပြီး ၅ ပေခန့်ရှိသောနေရာများတွင် မိသားစုလိုက်နေထိုင်ရသည့်အတွက်ကြောင့် အခက်အခဲများ ကြုံတွေ့နေရကာ အဆောင်များတိုးချဲ့ရန်လုပ်ဆောင်ရန်လိုအပ်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းမှာဆိုတော့ လိုက်ကာချပြီးအခန်းတွေခွဲထားပါတယ်၊ အခန်းက ၅ ပေလောက်ရှိပါတယ်၊ မိသားစုလိုက်နေကြရတဲ့အတွက် အဆင်မပြေနိုင်ဘူး၊ အဆောင်တွေ ထပ်ပြီးလိုအပ်ပါတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်များမှာ မီးဝ ၊မွန်ထောင့် စိမ်းညှင်းဝ၊ ပြည်ဟုန်းရွာ ကြက်ယက်ကိုင်း ရွာများမှဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ