သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူသေဆုံးမှုဖြစ်ပွားပြီးနောက် မြောက်ဦး တောင်ဖြူဆည်တွင် ရေကစားခြင်းကို ULA/AA တားမြစ်

လူသေဆုံးမှုဖြစ်ပွားပြီးနောက် မြောက်ဦး တောင်ဖြူဆည်တွင် ရေကစားခြင်းကို ULA/AA တားမြစ်

ABN-နွယ်စိုး

သြဂုတ် ၁၈ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ တောင်ဖြူဆည်၌ ရေနစ်ပြီး လူသေဆုံးမှုဖြစ်ပွားပြီးနောက် ရေကစားခြင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က တားမြစ်လိုက်သည်ကိုတွေ့ရသည်။

သြဂုတ်လ ၁၇ ရက်နေ့ကဆိုင်းဘုတ်များစိုက်ထူ၍ ထိုဆည်အတွင်းတွင် “ရေလုံးဝ မကစားရ၊ တွေ့ရှိပါက အပြစ်ပေးခံရမည်” ဆိုသည့် ဆိုင်းဘုတ်ဖြင့် သတိပေးကာ တားမြစ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က ထိုဆည်အတွင်း၌ မြောက်ဦးမြို့နယ်၊ မောင်ရွှီကန်ကျေးရွာမှ တက္ကသိုလ် ကျောင်းသားတစ်ဦး ဆည်အတွင်းရေကစားရာမှ ရေနစ်မြုပ်သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ခံတစ်ဦးဖြစ်သည့် ဦး မဲထွန်း ကABNသို့ပြောသည်။

“ကျွန်တော် ထင်တာက အဲ ကျောင်းသားသေလို့ တားမြစ်တာထင်တယ်။ နောက်ပြီး ဒီလိုတားမြစ်လိုက်တာဟာ တကယ်ကောင်းပါတယ်။ အားလပ်ရက် အပန်းဖြေသာသွားကြတာ။ အရက်တွေ အလွန်အကျွံ သောက်ပြီး မူးရူးနေကြတာပဲ”ဟု ၄င်းက ပြောသည်။

မြောက်ဦးမြို့နယ်ရှိ တောင်ဖြူဆည်၌ အားလပ်ရက်များတွင် မြို့ခံများနှင့် အနီးအနားရှိမြို့နယ်များမှ ဒေသခံအများစုသည် ယခုလိုမိုးရာသီမှာ နှစ်စဥ်နှစ်တိုင်း လာရောက်အပန်းဖြေအနားယူလေ့ရှိကာ ဆည်ထဲတွင် ရေဆင်းကစားလေ့ရှိကြကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ