Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူမျိုးရေးပဋိပက္ခဖြစ်ပေါ်အောင် ဘူးသီးတောင်မြို့တွင် စစ်ကောင်စီအဖွဲ့က မူဆလင်များကို ဆန္ဒပြပွဲ ပြုလုပ်ခိုင်းခဲ့ကြောင်း ULA ထုတ်ပြန်

လူမျိုးရေးပဋိပက္ခဖြစ်ပေါ်အောင် ဘူးသီးတောင်မြို့တွင် စစ်ကောင်စီအဖွဲ့က မူဆလင်များကို ဆန္ဒပြပွဲ ပြုလုပ်ခိုင်းခဲ့ကြောင်း ULA ထုတ်ပြန်

AB News – မတ်လ ၂၅၊ ၂၀၂၄

ရက္ခိုင်တွင် စစ်ကောင်စီအဖွဲ့သည် လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေရန် ဘူးသီးတောင်မြို့၌ မူဆလင်များကို ဆန္ဒပြပွဲ ပြုလုပ်ခိုင်းခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ယနေ့ မတ်လ ၂၅ရက်နေ့တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ရက်နေ့တွင် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ အခြေစိုက် စကခ ၁၅ မှ အဓိကကြိုးကိုင်ပြီး လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့သည်” ဟု ဖော်ပြထားသည်။

စစ်ရှုံးစစ်ကောင်စီသည် သူတို့၏ စစ်ရေးအရ ရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် ထိလွယ်ရှလွယ်သော လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခများကို ဖြစ်ပေါ်အောင် ယခုရက်များအတွင်း ပိုမို အားစိုက်ကြိုးပမ်းနေမှုများအား ထင်ရှားစွာတွေ့မြင်နေရသည် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မောင်တောမြို့တွင်လည်း အဆိုပါ ဆန္ဒပြပွဲပုံစံမျိုးကို ကျင်းပပြုလုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်းဆိုသည်။

အာရက္ခပြည်သူလူထုများအနေဖြင့် စစ်ကောင်စီမှ ဖြစ်ချင်သည့် နိုင်ငံရေးထောင်ချောက်အတွင်းသို့ သက်ဆင်းမကျသွားစေရန် နိုင်ငံရေးအသိ၊ သမိုင်းထဲမှအတွေ့အကြုံ၊ သင်ခန်းစာများဖြင့် သတိထားနေထိုင်ကြရန်နှင့် စစ်ကောင်စီ၏ လုပ်ရပ်များကို သတိထားစောင့်ကြည့်ကြရန် အလေးအနက်ထား တိုက်တွန်းထားသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး လူမျိုးပေါင်းစုံကို အတင်းအဓမ္မ စစ်သားသစ်စုဆောင်းသည့်လုပ်ရပ်အား ပြုလုပ်လျက်ရှိပြီး အတင်းအဓမ္မစုဆောင်းထားသည့် ဘင်္ဂလီလူမျိုးများကို ရသေ့တောင်မြို့တိုက်ပွဲအတွင်း ထည့်သွင်းအသုံးပြုမှုကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်၏ ယခင်ရပ်တည်ချက်ဖြစ်သော “အာရက္ခဒေသအတွင်း ရက္ခိင့်တပ်တော်မှလွဲ၍ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမျှ မရှိစေရ” မူအတိုင်း ရှိနေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကောင်စီက ဒေသခံ ဘူးသီးတောင်မြို့နယ်မှ မူဆလင်များကို အသုံးချပြီး မတ်လ ၁၉ ရက်နေ့တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးခဲ့သည်ကို တွေ့ရစဥ်

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ