Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူထုဇော်ဝင်းအမှုအား အပြီးသတ်အမိန့်မချဘဲ ရုံးချိန်းထပ်မံတိုး

ABN – ရှိုင်းမိုး

ကျောက်တော်မြို့မ ရဲစခန်းတွင် ဖမ်းဆီးခံထားရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ( က ) ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ လူထုဇော်ဝင်းအပါဝင် နောက်ထပ် ၂ ဦးကို ဇန်နဝါရီ ၂၄ ရက်နေ့ ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဟု တရားသူကြီးက ပြောခဲ့သော်လည်း ယမန်နေ့က ရုံးချိန်းထပ်မံ တိုးလိုက်ကြောင်း သိရသည်။

လူထုဇော်ဝင်းအပါဝင် နောက်ထပ် ၂ဦးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ရုံးထုတ်ခဲ့သော်လည်း အပြီးသတ်အမိန့်မချဘဲ ဇန်နဝါရီလ ၂၇ ရက်နေ့သို့ ရုံးချိန်းထပ်မံ တိုးလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ထို ၃ ဦးမှာ ကျောက်တော်မှ လူထုဇော်ဝင်း၊ စစ်တွေမှ ကိုဇော်မိုးထက်နှင့် ကျောက်တော်မြို့နယ် ခေါင်းတောင်ရွာမှ ဦးကျော်သန်းမောင်တို့ဖြစ်ကြသည်။

ထို ၃ ဦးကို ယမန်နေ့က ၁၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး စစ်တွေမှ ကိုဇော်မိုးထက် တစ်ဦးတည်းကိုသာ စစ်ဆေးခဲ့ လူထုဇော်ဝင်းနှင့် ဦးကျော်သန်းမောင်တို့ ၂ ဦးကိုမူ စစ်ဆေးမှု တစ်စုံတရာ မပြုလုပ်ဘဲ ထပ်မံရုံးချိန်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“ အပြီးသတ် အမိန့်ချမယ်လို့ ၁၀ ကြိမ်မြောက်ရုံးထုတ်တဲ့နေ့က ပြောပါတယ်၊ ဒါပေမယ့် ရုံးထုတ်တော့ ဘာမှမစစ်ခဲ့ပါဘူး၊ အမိန့်လည်းမချပါဘူး၊ စစ်တွေက ကိုဇော်မိုးထက် တစ်ယောက်သာ စစ်ဆေးပါတယ်၊ တခြား ၂ ယောက်မစစ်ဆေးပါဘူး” ဟု ရုံးထုတ်ချိန်တွင် ကိုယ်တိုင် ရုံးတက်ခဲ့ပြီး အမည်မဖော်လိုသူ တစ်ဦးကပြောသည်။

၎င်းတို့မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတော် ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီတပ်မှ တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

လူထုဇော်ဝင်းအမှုအား အပြီးသတ်အမိန့်မချဘဲ ရုံးချိန်းထပ်မံတိုး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ