Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လုပ်ကြံသတ်ဖြတ်ခံရသည့် နေရာတွင် စစ်ကောင်စီစစ်တပ် ကားများနှင့် စစ်သားများ ဝိုင်းထားလျက်ရှိနေ

ရှိုင်းမိုး Arakan Bay News-ABN

ယနေ့မနက်က လူ ၃ ဦးအား လုပ်ကြံ ပစ်သတ်ခံခဲ့ရသည့် အာကျိုတ်တော်ကုန်းအနီး င/စရိုင်းချောင်းဘုန်းတော်ကြီးကျောင်းရှေ့တွင် ယနေ့မနက် ၉နာရီခွဲခန့်က စစ်ကောင်စီ စစ်တပ်ကား၊ စစ်သားများနှင့် ရဲများ စုပြုံရောက်ရှိနေပြီး လုံခြုံရေးယူထားကြောင်း သိရသည်။

လုပ်ကြံ ပစ်သတ်ခံခဲ့ရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသော်လည်း ထိုကဲ့သို့ စစ်တပ်နှင့် ရဲသားများ အခင်းဖြစ်ရာ နေရာသို့ စုံပြုံရောက်နေခြင်းကြောင့် ထိုသေဆုံးသွားများမှာ စစ်ကောင်စီတပ်မှ ဖြစ်နိုင်ကြောင်း ရပ်ကွက်သားများက ပြောနေကြသည်။

ထိုသေဆုံးသွားသူများမှာ အင်္ကျီအဖြူများဝတ်ထားကာ လွတ်လပ်ရေးပွဲသို့ သွားကြသည့် သူများ ဖြစ်ဟန်ရှိကြောင်းလည်း ဒေသများခံက ဝေဖန်နေကြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ကားများနှင့် စစ်သား ရဲများ ရပ်ကွက်အတွင်း စုံပြုံရောက်ရှိနေသည့်အတွက် အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးမည်ကို စိုးရိမ်နေကြကြောင်း ရပ်ကွက်နေသူများက ပြောသည်။

လုပ်ကြံသတ်ဖြတ်ခံရသည့် နေရာတွင် စစ်ကောင်စီစစ်တပ် ကားများနှင့် စစ်သားများ ဝိုင်းထားလျက်ရှိနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ