Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လုပ်ကြံပစ်သတ်ခံရသည့် ALP အဖွဲ့ဝင် ၃ ဦးအား ယနေ့ အသုဘချ၊ မိသားစုဝင် အနည်းသာ အသုဘလိုက်ပို့ကြသည်ကိုတွေ့ရ

ABN-ရှိုင်းမိုး

ဇန်နဝါလ ၄ ရက် လွတ်လပ်ရေးနေ့က စစ်တွေတွင် သေနတ်သမား၏ လုပ်ကြံ ပစ်သတ်ခံရပြီး သေဆုံးသွားသည့် ALP ပါတီမှ စစ်ဦးစီးချုပ်အပါအဝင် ၃ ဦး၏ အသုဘရုပ်အလောင်းကို စစ်တွေမြို့ အာကျိုတ်တော်ကုန်း သုဿန်တွင် ယနေ့ ဇန်နဝါရီ ၈ ရက် နေ့လည် ၂ နာရီကျော်ခန့်က မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ALP အဖွဲ့ဝင်များနှင့် သေဆုံးသွားသူများ၏ မိသားစုများ လူဦးရေ ၁၀၀ ခန့်သာ အသုဘ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြကြောင်း မျက်မြင်များက ပြောကြသည်။

အသုဘသို့ ALP ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်း တက်ရောက်လာခြင်းမရှိသည်ကိုတွေ့ရပြီး တခြားသော ပါတီခေါင်းဆောင်များလည်း ရောက်ရှိလာခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် ALP/ALA အဖွဲ့ဝင်များမှာလည်း စစ်ယူနီဖောင်းဝတ်ဆင်ခြင်း၊ သေနတ်ပစ်ဖောက်ခြင်းနှင့် အလေးပြုခြင်းများစသည့် စစ်ရေးအခမ်းအနားဖြင့် ပြုလုပ်ခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။

သေဆုံးသွားသူများမှာ ဗိုလ်ချုပ် ခိုင်စိုးမြ အသက် ၅၆ နှစ်၊ ဗိုလ်မှူးကြီး ခိုင်ကျော်စိုး အသက် ၄၀ နှစ်နှင့် ဗိုလ်ကြီး ခိုင်သူရိန် အသက် ၃၂ နှစ်တို့ဖြစ်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ