Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လမ်းပန်းဆက်သွယ်ရေးအခက်ခဲဆုံး ရွာများသို့သဘာဝနဒီဦးဆောင်၍ ဦးဥတ္တမဖောင်းဒေးရှင်းမှ ကိုယ်တိုင်သွားရောက်ပေးလှူ

ABN-ကိုဟိန်းထွန်း

ဇွန် ၁ ရက်

ရခိုင်ပြည်တွင် မိုခါမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အကူအညီလိုအပ်နေသော ရွာများသို့ဦးသဘာဝနဒီနှင့်အတူ ကရင်ပြည်နယ်၊ မြဝတီမြို့ ဦးဥတ္တမဖောင်ဒေးရှင်းအဖွဲ့ က သွားရောက်လှူဒါန်းခဲ့သည်ကို ABN မှ တွေ့ခဲ့ရသည်။

သဘာဝနဒီဦးဆောင်သော ဦးဥတ္တမဖောင်းရှင်းအဖွဲ့သည်ရသေ့တောင်မြို့နယ်၊ လောင်းစင်ရွာသို့ နံနက်ပိုင်း ၇ နာရီခွဲတွင် စက်လှေဖြင့်သွားရောက်ခဲ့ပြီး အိမ်များပြိုလဲသွားသည့် တစ်အိမ်ထောင်လျှင် ငွေ ၄ သောင်းကျပ်စီလှူဒါန်းခဲ့ကြောင်း တွေ့ရသည်။

မုန်တိုင်းဒဏ်သင့်၍ အင်တာနက်ပြတ်တောက်ပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ပြည်သူများကို အဓိက ငွေပို၍ ထောက်ပံ့ပေးကြောင်း တာဝန်ခံ တစ်ဦးက ABN သို့ပြောသည်။

“ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကျနော်တို့က တတ်နိုင်သလောက်ပေးပါတယ်၊ အင်တာနက်ပြတ်တောက်နေတဲ့ရွာတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေတဲ့လူတွေကို အဓိကဦးစားပေးတယ်၊ ရွာပျက်စီးရင်ပျက်စီးသလောက် ၄ သောင်း၊ ၅ သောင်းစီပေးပါတယ်” ဟု ဆိုသည်။

လောင်းစင်ရွာတွင် အိမ်ထောင်စုအရေအတွက် ၄၈ စုရှိပြီး ၊ လူဦးရေမှာ ၂၀၀ ကျော်ရှိကာ အိမ်အားလုံးနီးပါးပျက်စီးသွားခဲ့ကြောင်းတွေ့ရှိရသည်။

ကယ်ဆယ်ရေးအဖွဲ့များ တကူးတက ရွာများကိုသွားရောက်ကူညီထောက့်ပေးခြင်း၊ ခရီးမည်မျှပင်ဝေးသော်လည်း ဂရုတစိုက်လာလှူပေးသည့်အတွက်ကြောင့် အရမ်းဝမ်းသာမိကြောင်း ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက ABN သို့ပြောသည်။

“ကူညီထောက်ပံ့မယ့်သူတွေက ကျမတို့ရွာကိုတကူးတက လာရောက်လှူပါတယ်၊ လမ်းခရီးဘယ်လောက်ဝေးဝေး အခုလို ဂရုတစိုက်လာ​ပေးတဲ့အတွက်အရမ်းဝမ်းသာမိပါတယ်” ဟု ဆိုသည်။

လောင်းစင်ရွာသည် ရသေ့တောင်မြို့၏အနောက်ဖက်တွင်တည်ရှိပြီး ရသေ့တောင်မြို့မှ ရေလမ်းခရီးဖြင့် ၁ နာရီကြာ သွားရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ