Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်ရှိ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးဇလ ပညာရှင် ဦးဝင်းနိုင် ထုတ်ပြန်

ABN-ရှိုင်းမိုး

ဇွန် ၁ရက်

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော INVEST ခေါ်လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိလာနိုင်ကြောင်း မိုးဇလဦးဝင်းနိုင်မှ ထုတ်ပြန်ထားသည်။

ထိုလေဖိအားနည်းရပ်ဝန်းသည် ဇွန်လ ၈ရက်နေ့ ည ၁၀ နာရီအထိ မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းအတိုင်း မြောက်ဘက်ကိုရွေ့လျားပြီး စစ်တွေမြို့၏ တောင်- အနောက်တောင်ဘက် မိုင် ၇၀ ခန့်တွင် တည်ရှိနေကြောင်းခန့်မှန်းရရှိသည်။

ထိုINVESTသည် ၁နာရီလျှင် လေတိုက်နှုန်း ၈၅မိုင်အထိ ရှိလာနိုင်ပြီး၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ရောက်ရှိလာနိုင်ကြောင်း ဦးဝင်းနိုင်မှထုတ်ပြန်ထားသည်။

ဇွန်လ ၉ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့အနီး၊ ကမ်းခြေမှ မိုင် ၃၀ ခန့်တွင် ရုတ်တရက်အားပိုကောင်းလာပြီး တစ်နာရီလျှင် ၁၁၂ မိုင်ရှိလာပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ရောက်ရှိလာကာ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းဖော်ပြထားသည်။

အခုဖြစ်ပေါ်နေသည့် မုန်တိုင်းအ​ခြေနေသည် ပြီးခဲ့သည့် မေလ ၁၄ရက်နေ့က တိုက်ခတ်သွားသည့် မိုခါ ဆိုင်ကလုန်းလုံးမုန်တိုင်းလောက်အားမပြင်းသော်လည်း ကုန်းတွင်းကိုဖြတ်ကျော်သည့်အချိန်တွင် ရုတ်တရက်အားကောင်းလာနိုင်သောကြောင့် စစ်တွေမြို့အနီးအထူးသတိထားရန်လိုအပ်ကြောင်း မိုးဇလပညာရှင် ဦးဝင်းနိုင်မှ သတိပေးထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ