Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်ရှိဖြစ်ပေါ်နေသော မဝါမုန်တိုင်းသည် အလွန်အားကောင်းသော မုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ဟု မိုးဇလပညာရှင်ပြော

လက်ရှိဖြစ်ပေါ်နေသော မဝါမုန်တိုင်းသည် အလွန်အားကောင်းသော မုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ဟု မိုးဇလပညာရှင်ပြော

ABN-ရှိုင်းမိုး

မေ ၃၁ရက်

ဖီလစ်ပိုင်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော မဝါမုန်တိုင်းသည် အလွန်အားကောင်းသော တိုင်ဖွန် မုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ကြောင်း မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ယနေ့ နေ့လည်က ထုတ်ပြန်ထားသည်။

အဆိုပါ မဝါမုန်တိုင်း လေတိုက်နှုန်းသည် ၁နာရီကို ၁၁၀မှ ၁၂၀ အထိတိုက်ခိုက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ယခုဖြစ်ပေါ်နေသောမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းသိရသည်။

ထိုမုန်တိုင်းသည် ဇွန်လ ၉ရက်နေ့ နံနက် ၇နာရီတွင် စစ်တွေမြို့၏ အနောက်တောက်ဘက် ၇၇ မိုင်ခန့်တွင် ရုတ်တရက်အားကောင်းလာနိုင်ပြီး ညနေပိုင်းတွင် ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထိုမုန်တိုင်းကြောင့် ဇွန်လ ၄ရက်နေ့မှ မုန်တိုင်းပြီးဆုံးသည့်အချိန်ထိ လှေ၊ ဘုတ်၊ သင်္ဘောများကို ကမ်းကိုပြန်ဝင်ကြရန် မိုးဇလပညာရှင် ဦးဝင်းနိုင်မှသတိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ