Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီ စစ်ကား ၁၃ စီး မြောက်ဦးသို့ ရောက်နေသောကြောင့် ဒေသခံများ စိုးရိမ်

လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီ စစ်ကား ၁၃ စီး မြောက်ဦးသို့ ရောက်နေသောကြောင့် ဒေသခံများ စိုးရိမ်

ABN -ဟိန်းထွန်း

စက်တင်ဘာ ၁၅ ရက်

ကျောက်တော်နှင့် မင်းပြားဖက်တို့မှ လာသည့် စစ်ကောင်စီ စစ်ကား ၁၃ စီးသည် မြောက်ဦးမြို့သို့ရောက်ရှိနေသည့်အတွက် ဒေသခံများ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

စကစတပ်ဖွဲ့ဝင်များသည် ယူနီဖောင်းများကိုဝတ်ဆင်ထားပြီး လက်နက်ခဲယမအပြည့်ဖြင့်သွားနေသည့်အတွက်ကြောင့် စစ်ပွဲများဖြစ်လာနိုင်ခြေရှိသည်ဟု ပြည်သူများဝေဖန်နေကြသည်ကိုတွေ့ရသည်။

မောင်းနှင်လာသည့် စကစ စစ်ကားတစ်စီးတွင် စစ်သားအင်အား ၂၀ ခန့်ပါရှိပြီး ၉ စင်းဖြစ်သည့်အတွက် လူဦးရေလည်းများမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ဝေသာလီရွာမှ ဒေသခံတစ်ဦးက ABN သို့ပြောသည်။

“ကားတစ်စီးမှာ လူ ၂၀ လောက်ပါတယ်၊ ကားက ၉ စီးဆိုတော့ များတာပေါ့ ၊ ယူနီဖောင်းတွေလည်းအပြည့်အစုံဝတ်ထားပါတယ်၊ တိုက်ပွဲဖြစ်လာမှာစိုးရိမ်တယ်” ဟု ဆိုသည်။

၎င်းစစ်ကားများလာရာလမ်းတစ်လျှောက် ရှိသည့် ပေါက်တောပြင်၊ အုတ်ဖိုကန်ကျေးရွာများတွင်လည်း စကစ တပ်ဖွဲ့ဝင်များသည် လက််နက်ခဲယမ်းအပြည့်ဖြင့် ကင်းစောင့်နေကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် နောက်ထပ် စစ်ကား ၄ စီးသည်လည်း မင်းပြားဖက်မှ မြောက်ဦးဖက်သို့ တက်လာခဲ့သည့်အတွက် ပြည်သူတစ်ချို့ ကြောက်နေကြကြောင်း ၎င်း မှ ဆက်၍ပြောသည်။

“ထပ်ပြီးတော့လည်း စစ်ကားတွေ ​မြောင်းဘွယ်နားရောက်နေပါပြီ၊ လူတွေလည်း အပြင်မသွားရဲဘူးဖြစ်နေတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသွားလာနေသည့်အတွက်ကြောင့် နှစ်ဖက်တိုက်ပွဲအပြန်အလှန်ဖြစ်လာနိုင်၍ ဒေသခံပြည်သူများ စိုးရိမ်နေကြောင်း သိရသည်။

ရခိုင်ပြည် မြောက်ပိုင်းတွင်လည်း စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး အငူမော် မောင်တော၊ ဘူးသီးတောင်သို့ ကုန်စည်များတင်ပို့နေသည့် ကားသမားများကို စကစ နယ်ခြားစောင့်ဂိတ် ၃ ခုမှရေသန့်ဘူး နှင့် မုန်ဖာ မှလွဲပြီး တစ်ခြားအရာများတင်ပို့၍ မရကြောင်းပြောဆိုကာ ကုန်စည်များဖြတ်တောက်မှုရှိလာနေကြောင်း တွေ့ရသည်။

ယနေ့ နေ့လည် ၁၂ ခန့်က စစ်တွေတွင် ALP မှ တပ်ရင်းမှူးအဆင့်ရှိသူ ခိုင်ပြည်ဟိန်းမှာ စစ်ကောင်စီတပ်၏ သေနပ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ-ပုံဟောင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ