Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်နက်ချအညံ့မခံသည့် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ

လက်နက်ချအညံ့မခံသည့် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ

AB News-ဖေဖော်ဝါရီ ၉၊ ၂၀၂၄

ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်က ၂ ရက်အတွင်း ချေမှုန်းတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ချ အညံ့မခံသည့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကြိမ်ချောင်း နစခအား AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြိမ်ချောင်းကျေးရွာအနီး၌ စစ်ကောင်စီ၏ ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (တစ်နည်း) နခခ (၇) သည် လက်နက်ချအညံ့မခံသောကြောင့် မိမိတို့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်” ဟုဆိုထားသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့၏ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းမှာ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများသို့ လက်နက်ကြီးများ ပစ်ခတ် ဒုက္ခပေးနေသည့် စခန်းများထဲမှ တစ်ခုဖြစ်ကြောင်းလည်း ဆိုထားသည်။

“အဆိုပါစခန်းသည် စစ်ကောင်စီမှ နှစ်ရှည်လများအခြေချတပ်စွဲထားကာ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့် ရန်သူ့စခန်းများထဲမှ တစ်ခုဖြစ်သည်။ မိမိတို့အနေဖြင့် လက်နက်ချအညံ့မခံသောစခန်းတိုင်းအား ယခင်စခန်းများနည်းတူ ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်” ဟုထုတ်ပြန် သတိပေးထားသည်။

ထို့အပြင် မောင်တော၊ ဘူးသီးတောင်မြို့နယ်များတွင် လက်ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများအားလုံးကိုလည်း ရက္ခိုင့်တပ်တော်မှ ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရသည်။

ဓာတ်ပုံ-ကြိမ်ချောင်းနယ်ခြားစောင့်စခန်း/APM

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ