Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်နက်ချအညံ့ခံရန် ပြောကြားထားသည့် စစ်ကောင်စီ၏ စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော်က ထပ်မံအသိပေး

လက်နက်ချအညံ့ခံရန် ပြောကြားထားသည့် စစ်ကောင်စီ၏ စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော်က ထပ်မံအသိပေး

AB News – ဖေဖော်ဝါရီလ ၁၁၊ ၂၀၂၄

ရက္ခိုင်ပြည်အတွင်း လက်နက်ချအညံ့ခံရန် ပြောကြားထားသည့် စစ်ကောင်စီ၏ စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက် ချအညံ့ခံရန် ရက္ခိုင့်တပ်တော်က ထပ်မံအသိပေး ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “ဆက်လက်၍လည်း လက်နက်ချအညံ့ခံရန် ပြောကြားထားသော ရန်သူ့စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ထပ်မံအသိပေးလိုက်သည်” ဟုသတိပေးပြောဆိုထားသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်နေကြောင်းလည်း ပြောသည်။

“ရက္ခိုင့်တပ်တော်၏ တစ်ရက်မျှရပ်တန့်ခြင်းမရှိသော ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်တွင် အကြမ်းဖက်စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ၏ ပူးပေါင်းခုံခံစစ်များဖြင့် အသည်းအသန်ခုခံကာကွယ်သော်လည်း စစ်ကောင်စီ၏ ခံစစ်တိုင်းကို ရိုက်ချိုးပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စကခဌာနချုပ်၊ တပ်ရင်းဌာနချုပ်၊ ရဲတပ်ရင်းစခန်းများ၊ ရဲစခန်းများတစ်ခုမကျန်ကို အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သည်” ဖော်ပြထားသည်။

စစ်ကောင်စီသည် စခန်းများ ကျဆုံးပြီးသည့်နောက်တွင်  တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရန် ကြိုးစားခဲ့သေးသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ ရေတပ်ကို ယခင်က ကြီးကြီးမားမားမတုံ့ပြန်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်၌မူ အထိနာအောင် ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ဟိရသည်။

ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ထိုးစစ်များ၌ ထိုးစစ်မစမီကပင် ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ တပ်စခန်းတိုင်းကို လက်နက်ချအညံ့ခံရန် အကြောင်းကြားခဲ့ပြီး  လက်နက်ချ အညံ့ခံရန် ထုတ်ပြန်ချက်များကို ရက္ခိုင့်တပ်တော်က အကြိမ်ကြိမ်ထုတ်ပြန်ခဲ့သည်။ 

လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားသည်။ 

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ