Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်နက်ကြီးကျည်ထိပြီး ပေါက်တောမြိုနယ် တောင်းဖူးရွာမှ ရွာသား ၂ ဦး ဒဏ်ရာပြင်းထန်ရ

AB News – ဇန်နဝါရီ ၆ ၊ ၂၀၂၄

ရက္ခိုင်ပြည် စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲစခန်းမှ ပစ်ခတ်သောလက်နက်ကြီးကျည် ၁ လုံးသည် တောင်းဖူးကျေးရွာသို ကျရောက်ပေါက်ကွဲ ပြီး အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံရွာသားများ ပြောပြချက်အရ သိရသည်။

ပေါက်တောမြိုတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲတိုကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှစခဲ့သည့် တိုက်ပွဲမှာ လက်ရှိအချိန်ထိ ဆက်လက်တင်းမာနေဆဲ ဖြစ်ပြီး၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် နေ့တိုင်းပစ်ခတ်လျက်ရှိသည်။

ဒဏ်ရာရရှိသွားသူများမှာ ပေါက်တောမြိုနယ် တောင်းဖူးရွာမှ အဖ ဦးငမဲချေ၏သမီး အသက် ၄၆ နှစ်အရွယ် ဒေါ် ဦးအေးသန်း ၎င်းတွင် ညာဖက်လက်မောင်း၊ ညာဖက်ဒူးဆစ် တိုတွင် ကျည်စထိမှန်ခဲ့ပြီး အဖ ဦးယိုင်အောင်သာ၏သား အသက် ၃၀ နှစ် အရွယ် ဦးဝင်းသာ ဖြစ်ပြီး ၎င်းတွင် ညာဖက်ဒူးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်အဖွဲက ဇန်နဝါရီလ ၅ ရက် ညနေ ၅ နာရီတွင် စစ်တွေဘက်မှ ပေါက်တောဘက်သို လက်နက်ကြီး ၁၀ ကျော်ထက်မနည်း ပစ်ခတ်ခဲ့ရာ ၁ လုံးမှာ တောင်းဖူးကျေးရွာအတွင်းသို ကျရောက်ပေါက်ကွဲပြီး ရွာသား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သိုပြောသည်။

“သူတိုက အိမ်မှာထိုင်နေကြတာပါ၊ စစ်တွေဖက်က လက်နက်ကြီးက ပေါက်တောဘက်ကိုလှမ်းပစ်ပါတယ်၊ ကျမတိုလည်း ပုန်းမယ်လိုလုပ်တော့ ရွာထဲ ၁ လုံးကျရောက်ပေါက်ကွဲတယ်၊ ၂ ယောက်လုံး ပြင်းထန်ဒဏ်ရာရရှိ သွားပါတယ်” ဟု ဆိုသည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းများသို အရေးပေါ်ပိုဆောင်ထားရပြီး ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။

တောင်းဖူးရွာသည် စစ်တွေ – ပေါက်တော၏ ဘယ်ဖက်ခြမ်းပေါ်တွင်တည်ရှိပြီး စကစ ရေတပ်နေဗီများ အထိုင်ချရာနေရာတစ်ခု ဖြစ်သည့်အပြင် အတက်အဆင်းသွားရာ အဓိက လမ်းကြောင်း တစ်ခု ဖြစ်သည်။

လက်ရှိတွင်လည်း တောင်းဖူးမြစ်တွင်နေဗီ ၁စင်း ၊ စိုင်းတုတ်မြစ်တွင် နေဗီ ၁ စင်း အထိုင်ချထားကာ ကျန် ၂ စီးမှာ ပေါက်တောမြို အနီးတစ်ဝိုက်တွင် ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ပေါက်တောတိုက်ပွဲ ဖြစ်ပွားခဲ့စဥ်အတွင်း တောင်းဖူး၊ တောင်ညို၊ သဝင်ချောင်း၊ မြင့်ဂါ ၊ ရီပဒေ၊ တောင်ချောင်၊ အဝကန်၊မင်းဘာ၊ ကြိမ်ခွေမော်၊ ဇီးချိုမော်၊ ကျောက်ဆိပ်ဖက်မှ ဒေသခံသောင်းနှင့်ချီ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေခဲ့ကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ